🎀26🎀

10.2K 883 52
                                    

📩Zhan Ge ပြောစရာရှိလို့ အပြင်ထွက်ခဲ့ပါလား???📩

Xiao Zhanရေချိုးပြီးလို့ အဝတ်စားလဲကာခေါင်းသုတ်နေတုန်း ဝင်လာတဲ့messageကြောင့် phကိုယူကာဖတ်လိုက်သည်..

ပို့ထားတဲ့ စာကိုဖတ်ပြီး  Xiao Zhanပြုံးလိုက်ကာ ရေသိပ်မခြောက်သေးတဲ့ခေါင်းကိုအမြန်ခြောက်အောင်သုတ်လိုက်ပြီး Yiboရှိနေမဲ့ တိုက်ခန်း ရှေ့ကိုအမြန်ပြေးထွက်သွားလိုက်သည်။

တိုက်ခန်းရှေ့ရောက်တော့ ကားကိုမှီကာရပ်နေတဲ့Yiboကိုလှမ်းခေါ်လိုက်ကာ..

"Wang လေး!!!"

အသံနဲ့အတူ ပြေးလာတဲ့Xiao ZhanကိုYiboပြုံးကြည့်နေပြီးမှ လက်နှစ်ဖက်ကားလိုက်ကာ ရင်ခွင်ထဲဝင်လာဖို့ ခေါ်လိုက်တော့လဲ ချက်ချင်းဝင်လာတဲ့Xiao Zhanကိုယ်လုံးလေးကိုတင်းတင်းဖက်ပြီး..

"Zhan Ge ညစာသွားစားရအောင်"

"အွန်း! "

ရင်ခွင်ထဲကခေါင်းငြိမ့်ပြတဲ့ Xiao Zhanနှဖူးကို Yiboထိရုံလေးနမ်းလိုက်ပြီး ဖက်ထားတာကိုခွာလိုက်သည်။

ကားတံခါးဖွင့်ပေးကာ ဝင်ထိုင်စေလိုက်ပြီး Yiboလဲမောင်းသူနေရာမှာဝင်ထိုင်ကာ ထွက်လာခဲ့သည်။

ကားရပ်သွားသော နေရာသည် ရိုးရိုးစားသောက်ဆိုင်မဟုတ်ဘဲ ဟိုတယ်တစ်ခုဖြစ်နေ၍ Xiao Zhanအံ့သြပြီး Yiboကိုကြည့်လိုက်တော့ နူးနူးညံ့ညံ့လေးပြုံးပြလာကာ ပေါင်ပေါ်တင်ထားတဲ့Xiao Zhanလက်လေးတွေကိုအပေါ်ကထပ်ကိုင်လိုက်ပြီး..

"ကျတော့်နောက်ကိုလိုက်ခဲ့ပေးနော်"

တစ်ဆက်ထဲ ဟိုတယ်မှာညစာလိုက်ကျွေးတာထင်တယ်လို့ Xiao Zhanတွေးလိုက်မိတယ်..

ပြောပြီးတာနဲ့ ကားပေါ်ကကျတော့် ကိုမစောင့်ပဲတန်းဆင်းသွားတဲ့သူကြောင့် ကျတော်လဲအမြန်လိုက်ဆင်းလိုက်ပေမဲ့ Wangလေးကိုမတွေ့တော့..

"ဟာ! ဘယ်ရောက်သွားတာလဲ??"

အနီးနားကိုမျက်လူံးဝေ့ကြည့်တော့လည်း ဘယ်သူ့ကိုမှမတွေ့တာကြောင့် Xiao Zhanငိုချင်သွားသည်..

အထဲပဲဝင်ရမလို ရပ်ပဲနေရမလို ဖြစ်နေတဲ့ Xiao Zhanဆီ အသံတစ်သံပျံ့လွင့်လာခဲ့သည်။

လူဆိုးလေးရဲ့ဒေါက်တာWhere stories live. Discover now