လက်​မခံနိုင်​စရာအမှန်​တရားအချို့က
နှလုံးသားကိုနာကျင်​​စေပြန်​သည်​။

" ကိုကို....... "

ဘေးနားမှအသံ​သေး​သေး​လေးသည်​မ​ပြောလျှင်​​တောင်
မည်​မျှ​လောက်​၀မ်းနည်း​နေသည်​ကိုခံစားလို့ရနိုင်​သည်​။

" ဟွန်းကအဆင်​​ပြေပါတယ်​......ဘယ်​လိုဖြစ်​ဖြစ်
အဆင်​​ပြေတာမို့လို့မငိုပါနဲ့​တော့​နော်​......... "

ဆုပ်​ကိုင်​လာ​သောလက်​ဖ၀ါးဝါးနုနု​ကြောင့်
ဝမ်းနည်းစိတ်​တို့ပိုတိုးလာခဲ့သည်​။

အ​ချော့ခံရတဲ့က​လေးကပိုငိုချင်​ပါတယ်​တဲ့။
သူ့တစ်​​ယောက်​တည်းအတွက်​အသက်​ရှင်​​နေခဲ့တဲ့
ချစ်​ရသူရဲ့ပခုံး​ပေါ်​ခေါင်းမှီချလို့အားရပါးရငိုပစ်​ခဲ့သည်​။

အရာရာကို​အေးအတူပူအမျှလို့​တွေးမှတ်​ခဲ့သည်​မို့
လက်​ထပ်​ခဲ့ကြခြင်းမဟုတ်​လား။

ချစ်​ရသူနှင့်​အတူ​ပျော်​ရွှင်​ခြင်းဝမ်းနည်းခြင်း
တို့ကိုပါ​ဝေမျှခဲ့ကြ​တော့သည်​။

တ​ရွေ့​ရွေ့ထွက်​ခွာသွား​သောကား​လေးကိုကြည့်​​နေရင်း
ဆယ်​ဟွန်းစိတ်​ထဲလုံးဝမ​ကောင်း​ပေ။

သူ့ရဲ့ကိုကိုဘယ်​​လောက်​​တောင်​၀မ်းနည်း​နေလိုက်​မလဲ။
သူ့ရဲ့ကိုကိုဘယ်​​လောက်​​တောင်​နာကျင်​​နေလိုက်​မလဲ။

ကိုကိုဘယ်​​လောက်​​တောင်​က​လေးလိုချင်​​နေခဲ့သည်
ဆိုသည်​ကိုသူအသိဆုံးဖြစ်​သည်​။

မနက်​ကအထိ​တောင်​​ပျော်​ရွှင်​တက်​ကြွ​နေခဲ့တဲ့
ကိုကိုသည်​အခု​တော့ကမ္ဘာပျက်​သလိုခံစားရ​လောက်​သည်​။

ကိုကို့ကိုသာချစ်​ခဲ့တာမို့ကိုကိုဘယ်​လိုအ​ခြေအ​နေမျိုး
မှာမဆိုဆက်​ချစ်​သွားဖို့ဆုံးဖြတ်​ပြီးဖြစ်​သည်​။

အမှန်​ဆိုရင်​အစကတည်းကပင်​ရင်​​သွေးဆိုသည်​ကို
သူတို့မှာ​မျှော်​လင့်​ခွင့်​မရှိတဲ့အ​ခြေအ​နေမို့
အထူးတလည်​ခံစားမ​နေ​တော့​ပေ။

ထို​နေ့ညကနာကျင်​စရာများအတိတ်​အချို့စတင်​ခဲ့သည်​။

မိုးချုပ်​မှပြန်​လာခဲ့​သောကိုကိုသည်​အသိစိတ်​လွတ်​သည်
အထိမူး​နေခဲ့ပြီးသူချစ်​ခဲ့တဲ့ကိုကို့ပုံစံနှင့်​ကွဲပြားခဲ့ပါသည်​။

Second Love [ ChanHun OTP ] CompletedWhere stories live. Discover now