You are mine 1❤

Start bij het begin
                                    

စသဖြင့် မိန်းကလေးတွေရဲ့အသံများ။

သူကတော့ ပြုံးပြကာ ပွဲကြည့်စင်အလယ်မှာ ထိုင်နေတဲ့ သူ့သူငယ်ချင်းဆီ လမ်းလျှောက်လာပါသည်

"နောက်ဆုံးတော့လည်း ငါတို့ကျောင်းပဲနိုင်တာကိူး သူတို့က အဆန်းလုပ်ပီး လာစိန်ခေါ်လိူ့"

Nayeonပြောလိုက်တဲ့စကားကို သူနားထောင်ပီး သဘောကျနေပါသည်

Busunဘက်က လူတွေနဲ့ ချိန်းဆော့တာပါ သူတို့seoul ကျောင်းကပဲ နိုင်လို့ သူတို့ကျောင်းက လူတွေက ပျော်နေတာပါ

သူ nayeonဘေးဝင်ထိုင်လိုက်သည်

"ဟဲ့ ဘယ်အချိန်ရောက်ပြီလဲ"

"5နာရီ"

သူက နာရီလည်းကြည့်ပြောရော ယုန်မက ဘေးက ပစ္စည်းတွေ အကုန်စုပုံသိမ်းကာ

"ဟမ်း ၅နာရီတောင် ထိုးနေပီဟုတ်လား ဘောလုံးပွဲက စနေလောက်ပီ"

"စနေရုံလောက်တင် ဘယ်ဟုတ်မလဲ ဒုတိယပိုင်းတောင် ရောက်နေလောက်ပီ"

"Yarr ကြက်ကြော်အစုတ်ပလုတ်မ နင့်ကြောင့် ငါ့unnieကို ကြည့်ဖို့ နောက်ကျနေပီ မြန်မြန်ပြေးမှပဲ"

Nayeonရှေ့ကအမြန်ပြေးတော့ jisooမှာ အနောက်ကနေပြေးလိုက်ရပါသည် jisooတို့၂ယောက် ဘက်စကတ်ဘောကွင်းကနေ အမြန်ဘောလုံးကွင်းဆီ ပြေးလာပါသည် ဘက်စကတ်ဘောကွင်းနဲ့ ဘောလုံးကွင်းက နီးနီးလေးပါ

Jisooတ်ု့ိ ဘောလုံးကွင်းရောက်တော့ ပွဲကစကန်နေပါပြီ ဒုတိယပိုင်း မိနစ်၆၀ဖြစ်နေပါပြီ

"နင့်ပွဲကြည့်လို့ ငါနောက်ကျသွားတာ"

"အေးပါ ဟုတ်ပါတယ် ငါ့ကြောင့် နင်နောက်ကျသွားတာပါ ယုန်မရယ် ဘာဖြစ်ဖြစ် နင့်unnieကို နင်အခုမြင်ရတာပဲ"

"ငါက အကြာကြီးမြင်ချင်တာလေ နင်လုပ်တာနဲ့ အခု မိနစ်၃၀လောက်ပဲ မြင်ရတော့မှာ"

"အော်..နင်ကလည်း ငါ့ပွဲက ဖျက်လို့မှမရတာ သူတို့ကလာစိန်ခေါ်တာကို ငါကဘယ်လိုလုပ် မဆော့ဘူးလို့ပြောလိုက်ရမှာလဲ"

"ရှူး တိုးတိူးနေ ငါ့မမကို ငါကြည့်နေတယ်"

"ဟုတ်ပါပြီ ယုန်မရယ် နင့်မမကို ကြည့် ကြည့်"

You are mine❤ (Chaesoo)Waar verhalen tot leven komen. Ontdek het nu