' ဝူ ရှစ် ရွှင် '

674 102 21
                                    

'တစ်ထောင်ရှစ်ရာကိုးဆယ့်ကိုး' ခုနှစ် (1899)

"ခန နားကြရအောင် "

တည်ငြိမ်သည့် အမိန့်သံနှင့်အတူ ခုနှစ်ယောက်သော တပ်သားတို့သည်လည်း နာခံလျှက်သား ...

'ဘုရင်ဝူရိဖန်'သည် သူ၏ လက်ရုံးတပ်သား ခုနှစ်ဦးနှင့်အတူ
မြေမျက်နှာအောက်မြို့နယ်မှအပြန်ခရီး (တစ်နည်းအားဖြင့် ငရဲပြည်မှ) အပြန်တွင် သစ်တော့အုပ်တစ်ခုကို ဖြတ်ရင်း ခေတ္တနားရန် စီစဉ်လိုက်သည် ...

ခရီးနှင်လာသည်မှာ လေးရက်မျှရှိပီမို့ သူ၏ လက်ရုံးတပည့်များနှင့် စီးတော်မြင်းတွေ ပင်းပန်းနေရော့မည် ...
ထိုကဲ့သို့ ပင်ပန်းနွမ်းနယ်အားလျော့တတ်သည့် မြင်းများထဲတွင် 'ဘုရင် ဝူ' ၏ စီးတော်မြင်းတော့ မပါ ...

အဘယ်ကြောင့်ဆိုသော် 'ဘုရင်ဝူ' ၏ စီးတော်ယာဉ်သည် သာမန်မြင်းတစ်ကောင်မဟုတ်ခဲ့ ...
စလိုက်ပ်နီယာ (Sleipnir) အမည်ရှိ ခြေရှစ်ချောင်းနတ်မြင်းတစ်မျိုးဖြစ်သည် ...

( Sleipnir )

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.

( Sleipnir )

နတ်ဘုရား 'အိုဒင်'က 'ဘုရင်ဝူ' ၏ တိုင်းပြည်မှ အလှဆုံးသော အမျိုးသမီးငယ်နှင့် ထိုမြင်းကို လဲလှယ်ခဲ့ခြင်း ..
' စစ်ဘုရင်ဝူရိဖန် ' သည် မိမိအကျိုးမရှိမဖြစ်ထွန်းမည့် အလုပ်မျိုးဆို လှည့်၍ပင်မကြည့် ...

သည့်အပြင် ...
သာမန်လူသားဘုရင်များ မစွမ်းဆောင်နိုင်သည့်
နတ်ဘုရားတွေနှင့်ဆက်သွယ်ခြင်းအမှုများကို
စုန်းမများ၏ လက်ထဲတွင်ကြီးမားခဲ့သည့် 'ဘုရင် ဝူ' ကတော့ ထမင်းစားရေသောက် အလုပ်ကဲ့သို့ပင် အလွယ်လေး ...

'ဘုရင် ဝူ' သည် လူသားတစ်ဦးဖြစ်ပေသော်လည်း သူ၏ ဝိဥာဉ်ကတော့ ဖြူစင်နေခြင်း မရှိခဲ့ပါ ...
မကောင်းသောအငွေ့အသက်အပြည့်ဖြင့် ရှင်သန်လာသူပီပီ ရက်စက်ယုတ်မာကြမ်းတမ်းသော
နယ်ချဲ့ စစ်ဘုရင်ဆိုးတစ်ဦးဖြစ်သည် ...
သူ၏ 'ဆေးလ်ဗား' တိုင်းပြည်ကို ချဲ့ထွင်ရန်အတွက်
အနီးနားရှိ မြို့ငယ်ပြည်ငယ်များကို ချော့တစ်လှည့်ကြမ်းတစ်ခါ သိမ်းသွင်းနေသည် ...
စစ်သည်အင်အားများစွာ ရှိသည့်အပြင် သြဇာအာဏာငြောင်းလွှမ်းသူမို့ အချို့သော တိုင်းပြည်ငယ်တို့မှာ
'ဘုရင်ဝူ' စစ်မကြေညာခင်ထဲက တိုးဝင်အငြံ့ခံကုန်ကြသည် ...
ခေါင်းမာသောဘုရင်နှင့် စစ်သည်အင်အားအလုံအလောက်ရှိသော တိုင်းပြည်မျိုးကျပြန်တော့
'ဘုရင်ဝူ' ကို ခံပြန်တိုက်ကြသည် ...

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Aug 19, 2019 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

LIMITLESS Où les histoires vivent. Découvrez maintenant