စာစဉ် ၁၄ ( ၂၁ + ၂၂ )
Start from the beginning
“ကပ္ပတိန်က အရမ်းကို စိတ်ပုတ်တာပဲ…ကပ္ပတိန်းက အရမ်းဆိုးတယ် အိုး… ကပ္ပတိန်က ဒေါသထွက်နေတဲ့အချိန်မှာတောင်မှ အရမ်းကို ချောလိုက်တာဗျာ…ကျွန်တော် ကပ္ပတိန်ကို သေလောက်အောင်ကို ချစ်မိသွားပြီ~”
ချစ်စရာကောင်းသောယောကျာ်းသည် ပိုလို့ပင်ချစ်ရည်ရွှမ်းသည့် အကြည့်တို့ဖြင့် သူ့အား ကြည့်လာချေပြီ ဖြစ်ရကား။
“ချစ်စရာလေး၊ သူ့ကို ကန်ထုတ်ပစ်လိုက်စမ်း”
နိုင်ငံခြားသားသည် သူ့ရဲ့လက်တို့ကို ယှက်လျက်၊ ကြက်ကလေးငှက်ကလေးကို သယ်ဆောင်လာသည့်အလားပမာ ချစ်စရာကောင်းသောယောကျာ်းလေးအား ဆိုင်ထဲကနေ ပစ်ထုတ်လိုက်ချေ၏။
သို့သော်၊ တစ်မိနစ်ဝက်အတွင်းမှာပင်၊ ချစ်စရာကောင်းသောယောကျာ်း သည် တစ်ဖန်ပြန်ရောက်ရှိလာချေပြီး အုတ်ခဲသယ်သည့်နိုင်ငံခြားသား အား လက်ညှိုးငေါက်ငေါက်ထိုးလျက်။
“အုတ်ခဲသယ်ကောင်၊ မင်းရဲ့ညစ်ပတ်တဲ့လက်သည်းတွေ ငါ့ရဲ့ချောမွတ်တဲ့အသားထဲ ထိုးရဲထိုးကြည့်စမ်း။
ငါ မင်းရဲ့ဟာကို ဖြတ်ပစ်မယ်”
“ယောက်ျား၊ သူ ကျွန်တော့်ကို အနိုင်ကျင့်နေတယ်။ ယောကျာ်း ရင်မနာဘူးလားဟင်။ ကျွန်တော်က ယောကျာ်းရဲ့အချစ်တုံးလေး ဖြစ်နေတုန်းပါပဲနော်~” ချစ်စရာကောင်းသောယောကျာ်းသည် လှပသောရေခဲတုံးကိုယ်တော်၏လက်မောင်းအား ကိုင်ဆွဲလျက် ပြောဆိုလို့နေသည်တည့်။
ဒီအခိုက်၊ ဒီအုပ်စု၏ ပေါတိတိပေါကြောင်ကြောင်တွေ လုပ်လို့နေသည် ကို မြင်နေရသည်တည်းဖြစ်ရာ၊ သူဌေးကား နောက်ဆုံးတွင်တော့ စိတ်ရှည်နိုင်စွမ်းတို့ ကုန်စွမ်းသွားချေပြီ။
“အခုချက်ချင်း ငွေရှင်းပေးကြ။ မင်းတို့အားလုံးပဲ ရူးနေကြတာလား၊ ဟမ်”
“သူဌေးရာ၊ ကျွန်တော်တို့ကို ဖြတ်ချပေးပါလား။
ဒစ်စကောင့်ပေးရင်ရော ဘယ်လိုလဲ”
အမည်မရှိသောနန် မေးလာလေ၏။
အမည်မရှိသောနန်၏လက်ထဲက အကြွေအနည်းငယ်အား စိုက်ကြည့် လိုက်မိရာ၊ စုစုပေါင်း ဒေါ်လာ ၁၆၀ သာလျှင် ရှိလို့နေချေ၏။ သူဌေးသည် နှာခေါင်းရှုံ့လိုက်တော့ရင်း။
“မင်းတို့ရဲ့အရိုးတွေကို ငါ ဖြတ်ချပေးမယ်ဆိုရင် ဘယ်လိုလဲ”