စာစဉ် ၁၄ ( ၁၉ + ၂၀ )
Start from the beginning
ထောင့်နားဆီတွင်တော့၊ ရီဝမ်ဝမ် တူနဲ့ကိုင်ထားသည့် အသားကင်မှာ ပလုံခနဲ စားပွဲပေါ် ထပ်မံ ပြုတ်ကျသွားရပြန်လေပြီ….
တစ်ဆင့်ခံဈေးကွက်ဖြန့်ချိရေး ( MLM ) အဖွဲ့အစည်းများသည် ဒီနေ့ခေတ်တွင် ပိုလို့ပိုလို့ပင် တစ်ဟုန်ထိုးတိုးတက်လာနေလေချိန် တွင်….
သူတို့တွေ ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုးရှက်စရာကောင်းတဲ့ ဆောင်ပုဒ်ကြီးကို အော်ဆိုနိုင်ကြရတာလဲ ။
သူတို့တွေအားလုံးက ဒီလိုစက်ပစ္စည်းတွေလား။
မရှေးမနှောင်းမှာပင်၊ သူဌေးဖြစ်သူသည် သူတို့၏ဟင်းလျာတို့အား ယူချပေးလာချေပြီး ထွက်သွားလေသည်။
ပြီးသည့်နှင့်၊ သူတော်စင်လေး ဘီယာတစ်ဗူးအား သယ်လာချေ၏။ လူအနည်းငယ်သည် သူတို့တွေအရှေ့က အစားအသောက်ပွဲတွေအား မျက်စိဒေါက်ထောက်ကြည့်လို့နေကြရင်း သူုတို့ရဲ့တူတွေအား စိတ်အားထက်ထက်သန်သန်ဖြင့် မြှင့်ထားကြပေပြီ။
“မလျော်ကန်လိုက်တာ ! တူတွေကို ချထားလိုက်စမ်း -- ငါတို့အဖွဲ့ထဲက စည်းကမ်းက အချောဆုံးသူက ဘယ်သူပဲဖြစ်ဖြစ် သူကပဲ အရင်ဆုံး စားသင့်တာ” ချစ်စရာကောင်းသောလူငယ်သည် ရုတ်ခြည်း ဟိန်းဟောက်လာလေခြင်းပင်။
ဒါကို ကြားလိုက်သည်နှင့်၊ သူတော်စင်လေးနှင့် အုတ်သယ်သမား နိုင်ငံခြားသားလေးတို့သည် သက်ပြင်းတို့ချလို့ သူတို့ဆန်ထုတ်ထား ပါသည့် တူတွေကို ရုတ်သိမ်းလိုက်တော့ချိန်။
အမည်မရှိသောနန်၊ ခြေနှစ်ဖက်အား ချိတ်ထိုင်ထားလျက်မှ။ အလျင်မလိုစွာဖြင့် ၀က်သားတစ်တစ်တုံးအား ယူငင်လိုက်တော့ပြီး နောက် သူ၏ပါးစပ်ထဲသို့ တစ်တစ်လုံးကို သွတ်သွင်းလိုက်တော့ သည်တည့်။ ဒီနောက်၊ မဆိုင်လျော်စွာဖြင့် ပြောဆိုလာသည်ကား။
“ဖက်ထုပ်တွေက….အကောင်းဆုံး…ဖြစ်နေတုန်းပဲ….”
သူတို့ရဲ့ခေါင်းဆောင်မှာ စတင်စပြီးသွားပြီဆိုသည်ကို မြင်လိုက်ရ သည့်အချိန်၊ တခြားသောသူတွေ ဖြတ်ခနဲ လျပ်တစ်ပြက်ပင် သူတို့၏တူတို့အား ကောက်ကိုင်လိုက်ကြတော့သည်တည့်။