စာစဉ် ၁၄ ( ၁၉ + ၂၀ )
Start from the beginning
အမည်မရှိသောနန် စကားပြောလိုက်သည့်အခိုက်၊ နိုင်ငံခြားသား၊ ချစ်စရာကောင်းသောယောကျာ်းနှင့် သူတော်စင်ငယ်လေးသည် ချက်ချင်းပင် တိတ်ဆိတ်သွားကြတော့ပြီ။ လှပသောရေခဲတုံးကိုယ်တော်သည်ပင် အမည်မရှိသောနန်အား လေးနက်စွာဖြင့် ကြည့်လာချေပြီ ။
အမည်မရှိသောနန်၏မျက်လုံးတို့ သူတို့လေးဦးသားထံ ဖြန့်ဝဲသွားတော့ရင်း လည်ချောင်းရှင်းလိုက်ကာ အေးစက်စွာဖြင့် ပြောဆိုလာ၏။
“ငါတို့အဖွဲ့ကို ဘယ်လိုခေါ်ကြလဲ”
“နေ၀င်ချိန်ရဲ့ သေခြင်းနတ်ဘုရား”
သူတို့လေးဦးသား တစ်ချိန်တည်း သံပြိုင်အော်ပြောလာကြခြင်းပင်။
“ငါတို့ရဲ့ဆောင်ပုဒ်?”
အမည်မရှိသောနန် ဆက်မေးလာသည်။
“ဘယ်ဟာကမှ ဖက်ထုပ်ထက် ပိုမကောင်းဘူး။
ဘယ်ဟာကမှ ခယ်မလေးထက် ပိုပျော်စရာမကောင်းဘူး”
“ကပ္ပတိန်၊ ကျွန်တော် ခယ်မလေးနဲ့ မကစားချင်ဘူး…. ကပ္ပတိန်နဲ့ပဲ ကစားချင်တယ်~” ချစ်စရာကောင်းသောယောကျာ်းသည် ရုတ်တရက် အမည်မရှိသောနန်ဘက် ကပ်လာလေ၏ ။
သို့သော် ၊ ထိုအခြောက်ကောင်လေးသည် သူ့နား မကပ်သွားမိခင်မှာပင် အမည်မရှိသောနန်၏အေးစက်စက်အကြည့်တို့ကြောင့် ထိတ်လန့်သွား တော့ပေပြီ။
“ဆောင်ပုဒ်ကို ဆက်ရွတ်စမ်း”
အမည်မရှိသောနန် အမိန့်ထုတ်လိုက်ချေသော်။
ချက်ချင်းပင်၊ လေးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့ပြီး လက်ဖ၀ါးပေါ်ထုလို့ သံပြိုင်ဆိုလာကြတော့ပြီ။
“သေခြင်းနတ်ဘုရားခေါင်းဆောင်၊ အရည်အချင်းရှိပြီး ခန့်ထည်တယ်။ မိုက်တယ် မိုက်တယ် မိုက်တယ် မိုက်တယ်၊ သန်မာတယ် သန်မာတယ် သန်မာတယ် သန်မာတယ်”
“အားလုံးပဲ အရမ်းကို ရိုးသားကြတယ်။ မင်းတို့ကပ္ပတိန်အနေနဲ့
ငါ စိတ်အေးရပါပြီ” အမည်မရှိသောနန်၊ စိတ်ကျေနပ်မှုရှိစွာဖြင့် ခေါင်းတညိတ်ညိတ်လုပ်လာတော့လေပြီ။
ဆိုင်အပြင်ဘက်တွင်ကား ဆိုင်ပိုင်ရှင်သည် အထဲကငါးဦးသားအား ကြည့်လျက် ဆွံအနေပုံရချေသည်။