စာစဉ် ၁၄ ( ၁၇ + ၁၈ )
Start from the beginning
ဒီအခိုက်၊ အမည်မရှိသောနန်သည် သူမအား မှတ်မိသွားမည်ကို စိုးထိတ်မိတော့ကာ ၊ ရီဝမ်ဝမ် ၊ ချက်ချင်းပင် သူမ၏ခေါင်းအား ပြန်လှည့်လိုက်မိတော့သည်တည့်။
သူမသည် အနည်းငယ် အပြစ်ရှိသလိုပင် ခံစားနေမိတော့လေပြီ။
ပြီးတော့လည်း၊ သူမသည် အမှန်တကယ်ပင် အဖိုးထိုက်တန်လှပါသည့် ရတနာကို ဒေါ်လာ ၁၀၀ ထဲဖြင့် သူ့ဆီကနေ ၀ယ်ယူထားခဲ့သည် မဟုတ်ပါလော ။ ဒီလူ သူမအား မြင်သွားပြီး ထိုဟာကို သူမကို ရောင်းလိုက်မိသည့်အပေါ် နောင်တရသွားမည်ဆိုရင်ကော ဘယ်လိုလုပ်မလဲ…..
များမကြာမီလေးအတွင်းမှာပင်၊
အမည်မ၇ှိသော နန် စားပွဲဝိုင်းတစ်ခုကို ရှာတွေ့သွားတော့ပြီး ဆိုင်ရှင်သူဌေးအား လောဆော်ကာ ထိုင်ချလိုက်တော့လေပြီ။
“အိုး ဟုတ်သားပဲ…ဖက်ထုပ်တစ်ပန်းကန်က ဘယ်လောက်လဲ” အချိန်တခနကြာပြီးသည့်နောက်မှာမှ အမည်မရှိသောနန် ပိုက်ဆံပေးဖို့ရာ သတိရသွားဟန်တူလေသည်။
“၁၀ ဒေါ်လာပါခင်ဗျာ”
သူဌေးသည် ချက်ပြုတ်ရင်းတန်းလန်းကနေ ပြန်ဖြေဆိုလာခြင်းပါတည်း။
“အိုး…” လူငယ်လေးသည် တခနလောက် နက်နက်နဲနဲ စဉ်းစား တွေးတောလိုက်တော့ပြီး သူသည် အရေးကြီးသည့်ဆုံးဖြတ်ချက်အား ချလိုက်ရသည့်လေဟန်ဖြင့် သူ၏နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ် လှုပ်ရှားသွားတော့ချေသည်။
“ကျွန်တော် ၆ ပန်းကန် ယူမယ်”
ခနကြာပြီးသည့်နောက်၊ သူဌေးသည် ဖက်ထုပ်ပန်းကန် ၆ ပန်းကန်အား သူ့စားပွဲပေါ် လာရောက်ချပေးသည်။
“သူဌေး…ဟာဗျာ…ကျွန်တော်က ဖက်ထုပ်တွေအများကြီးကို မှာထားတဲ့ဟာကို…၀က်နံရိုးကြော်လေးများ မပေးချင်ဘူးလားဗျာ…ငါးကြော်ပဲဖြစ်ဖြစ် တစ်ခုခုပေါ့ အလကားပေးလေဗျာ…”
အမည်မရှိသော နန်သည် စိတ်အားထက်သန်စွာ ပြောဆိုလို့နေ၏။
“မောင်ရင် နောက်နေတာလား” သူဌေးသည် ရယ်မောပြောဆိုလာသည်။“ဖက်ထုပ် ၆ ပန်းကန်မှ ၆၀ ပဲ ကျတဲ့ဟာကို။ ကျွန်တော့်ရဲ့အသားကြော်တွေက အဲ့ထက်ပိုများသေးတယ်ဗျ”
“အိုး….” အမည်မရှိသော နန် ၊ စဉ်းစားတွေးတောလာ၏။
“ဒါ အလုပ်မဖြစ်ဘူးပဲ။ သူဌေး ကျွန်တော့်ကို နောက်ထပ် ဖက်ထုပ် ၂ ပန်းကန်တော့ ပေးသင့်ပါတယ်ဗျာ…..”