၂၉ (Zawgyi + Unicode)

Beginne am Anfang
                                    

"ငါက ရပါတယ်ဆိုနေ.. သွားပြင်ဆင်တော့လေ.. ဆယ်နာရီထိုးနေပြီ"

အခန်းထဲကနေ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ထွက်သွားတဲ့ Luhan ကိုကြည့်ပြီး သူပြုံးမိသည်။​သြော်.. ဒီကောင်လေး ဘယ်အရွယ်ပဲဖြစ်ဖြစ် သူ့မျက်စိထဲမှာ အမြဲတမ်း ကလေးလေးဖြစ်နေတော့လည်းအခက်သား။

Oh Sehun မျက်လုံးထဲမှာလည်း ချာတိတ်က အမြဲကလေးလေးဖြစ်နေမည်ထင်သည်။

ချာတိတ်အကြောင်းတွေးမိပြန်တော့ ဝဲဘက်ရင်အုံက ဆစ်ခနဲနာ၏။ ချစ်ရသူကို ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့မိတဲ့ သူ့အတွက်တော့ ဒီထက်ပိုဆိုးတဲ့ပြစ်ဒဏ်ပေးမယ်ဆိုရင်တောင် ခံယူဖို့ပဲရှိသည်။

သူ ပြတင်းပေါက်ဘက်ကို မျက်နှာမူမိပြန်သည်။

လေပြေအဝေ့တစ်ချက်မှာ လွင့်ပါသွားတဲ့ သစ်ရွက်လေးတွေလိုမျိုး သူလည်း ဦးတည်ချက်မရှိပဲ တစ်နေရာရာကို ထွက်ပြေးလိုက်ချင်သည်။

သူမရှိပဲ ကုမ္ပဏီသေချာလည်ပတ်နိုင်တဲ့တစ်နေ့။

Luhan လေးကို သူ့လောက်နီးပါး ချစ်ပေးပြီး ကာကွယ်ပေးနိုင်မဲ့လူ၊ သူကိုယ်တိုင်က ယုံကြည်ရလောက်တဲ့လူဆီမှာ အပ်နှံပြီးတဲ့တစ်နေ့။

နောက်ဆံတင်းစရာတွေ ရှိမနေတော့သည့် တစ်ချိန်ချိန်မှာပေါ့...။

တာဝန်ဝတ္တရားတွေနဲ့ ယှဉ်လာတိုင်း ချောင်ထိုးထားခဲ့မိတဲ့ အိပ်မက် ဆိုတာကို သူပြန်ရှာဖွေမိမလားမသိပါဘူး။

_________________________

"ဒီဆိုင်က အစားအသောက်ကောင်းတယ်လို့ပြောတယ်"

Baekhyun ကသာ မီနူးစာအုပ်ကို တဖျတ်ဖျတ်လှန်ရင်း ပြုံးပြုံးရွှင်ရွှင်ပြောနေပေမဲ့ Luhan နဲ့ မိဘနှစ်ပါးက စိတ်မသက်မသာဖြစ်နေရသည်။ နဂိုကတည်းက အပြစ်ရှိတဲ့လူ၊ အမှားလုပ်ထားတဲ့လူက စိတ်မလုံမလဲဖြစ်နေတတ်သည့် လူ့သဘာဝအတိုင်း။

"တကယ်တော့ ကျွန်တော့်ဘက်ကစပြီး ဆက်သွယ်လိုက်လို့ နည်းနည်း ရုတ်တရက်ဆန်သွားလားမသိဘူး"

Give and TakeWo Geschichten leben. Entdecke jetzt