ညီအစ်​ကိုချစ်​သူ ၉၈

Start from the beginning
                                    

''kit kit ပုံဆွဲထားတဲ့ box ရော''

''အာ ဟုတ်တယ်''

ကျွန်တော်က ကားပေါ်လွဲအိတ်တင်ပီး အိမ်ထဲပြန်ဝင်ကာ သွားယူလိုက်သည်။ mom က

''ဟဲ့ ဘာဖြစ်တာလဲ''

''ပုံဆွဲထားတာ ကျန်ခဲ့လို့'

''ဖြစ်ရမယ်''

ကျွန်တော်လည်း ပြန်ထွက်လာပီး ကားပေါ်တက်လိုက်သည်။ ဒါနဲ့ p' က ကားမောင်းထွက်လိုက်သည်။ ပီးတော့ p' က

''ဘာစားပီးပီလဲ''

''မစားရသေးဘူး ဆင်းလာတုံးရှိသေးတယ် p' ဟွန်းသံကြားလို့ ထွက်လာတာ''

''အတော်ပဲ p' လည်း မစားလာဘူး''

''ဒါဆို ကျောင်းမှာစားမယ်လေ''

''အင်း''

ကျွန်တော့်ကျောင်းကိုရောက်တော့ p' နဲ့ကျွန်တော် ဆိုင်တွင်ဝင်ပီး စားလိုက်ကြသည်။ ခဏနေစားပီးသွားတော့ p' က နှုတ်ဆက်ပီး ထွက်သွားသည်။ ကျွန်တော်လည်း ကျောင်းထဲဝင်လာခဲ့သည်။

အခန်းထဲရောက်တော့ ကျွန်တော် အတန်းထဲဝင်တော့ oaujun က

''kit ပုံဆွဲပီးပီလား''

''အင်း''

သူက ယူကြည့်တော့

''ဝါး လှသားပဲ ''

''အင်း ငါနဲ့ p' နဲ့ လုပ်ထားတာ''

''အိုး  မင်းတို့နှစ်ယောက်ရဲ့ idea ပေါ့ သူများတွေများ သာယာနေတာ''

''မင်းလည်း သာယာချင်ရင် ဟိုမှာလေ''

ကျွန်တော်က fait ကို မေးဆပ်ပြလိုက်တော့ oaujun က လှည့်ကြည့်ပီး

''ဟိတ် မင်းတို့ဂိုဏ်းလာမသွင်းနဲ့ ''

''မင်းပဲ သာယာတယ်ဆို''

ဒါကို fait က ပုံမပီးသေးလို့ ဆွဲနေရင်း လှမ်းကြည့်ပီး

''ဘာတွေသာယာနေတာလဲ''

ဒါနဲ့ ကျွန်တော်က
''သူက မင်းနဲ့...''

''kit kit တော်ပီ ဆက်မပြောနဲ့''

''ဟင်း ဟင်း''

oaujun က တားတော့ ကျွန်တော်လည်း ရယ်နေလိုက်သည်။ fait က

''ဆက်ပြောလေ''

ကျွန်တော်က ပြောဖို့ရွယ်တော့ oaujun က မျက်လုံးပြူးပီး အံကျိတ်ပြသည်။ အဲချိန်မှာ new တို့ဝင်လာပီး ပုံတွေကို ယူကြည့်နေတော့ စကားစပျက်သွားသည်။ ဆရာလာတော့ စာသင်လိုက်ကြသည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now