brother lover (P 116)
(ညီအစ်ကိုချစ်သူ)sing//
သူက မျက်လုံးလေးမှိတ်ကာ အိပ်ပျော်သွားတော့ ကျွန်တော်သူ့လက်လေးကို ကိုင်ရင်း သူ့မျက်နှာလေးကို ကြည့်နေလိုက်သည်။ ဆရာဝန်တွေကတော့ သူတို့အလုပ်သူတို့လုပ်နေကြသည်။ ကျွန်တော်ကတော့ သူ့ကိုကြည့်ရင်း စိတ်ထဲမှာတော့ ပူပန်စိုးရိမ်နေမိသည်။သူကတော့ ဘာမှမသိပဲ အိပ်စက်အနားယူနေသည်။ သူလည်း သနားပါတယ် မိခင်တွေနဲ့ မခြား ရင်သွေးကို လွယ်ပေးထားရတာ သူ့အတွက်ခက်ခဲမယ်ဆိုတာ သိပါတယ် မိခင်တွေတောင် ဂရုတစိုက် ကြိုးစားပီး လွယ်ထားတာ သူက ယောက်ျားလေးဖြစ်ပီး ကိုယ့်အတွက် သည်းခံစိတ်ရှည်ပီး ကိုယ်တို့ မျိုးဆက်လေးကို လွယ်ကာမွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် kit kit ရယ် ကိုယ် မင်းကို နောက်ဆို ဒီထက်ပိုပီး ဂရုတစိုက်ချစ်ပေးပါမယ်...
ကျွန်တော်လည်း မေ့ဆေးပေးထားလို့ အိပ်ပျော်နေတဲ့ သူ့မျက်နှာလေးကို သနားတဲ့အကြည့်နဲ့ ကြည့်နေရင်း မျက်ရည်တွေက ဝဲလာသည်။ ကိုယ်တို့ရဲ့ မျိုးဆက်မတုံးသွားအောင် မင်းက လုပ်ဆောင်ပေးခဲ့တာပါ မင်းရဲ့နှိုင်းဆမရတဲ့ စိတ်ဓာတ်လေးကိုလည်း လေးစားတယ် ချစ်လည်း ချစ်တယ် kit kit မင်းဗိုက်ထဲက ကလေးလေး အမြန်ဆုံးထွက်လာပီး မင်း အရင်လို လွတ်လပ်တဲ့ဘဝလေးကို ပြန်ပေးချင်မိတယ် ဒါကြောင့် date မရောက်သေးပဲ ကိုယ် မွေးဖို့ခွင့်ပြုလိုက်တာပါ...
ကျွန်တော် တွေးနေတုံး nurse က ကလေးကို ချီလာပီး
"par par ရေ ဒီမှာလေ ကလေးလေး''
"ဗျာ''
ကျွန်တော်က ကြည့်လိုက်တော့ ဗလာရှင်းနေတဲ့ ကိုယ်လုံးလေးကနီရဲပီး လုံးနေသည်။ ဒါနဲ့ ကျွန်တော်က ထလိုက်ပီး
"အိုး ချစ်စရာလေး ယောက်ျားလေးနော်''
"အင်း''
![](https://img.wattpad.com/cover/161433509-288-k589579.jpg)
JE LEEST
ညီအစ်ကို ချစ်သူ (completed)
Algemene fictie၅ ပုဒ်မြောက် ရေးထားတာလေးကိုလည်း အားပေးပါဦးနော် ချစ်သူငယ်ချင်းတို့်... ကြိုးစားပီးရေးထားတာလေးကို မကောင်းတာ လိုအပ်တာများရှိပါက သည်းခံပေးပါနော်... ကျေးဇူးအများကြီးတင်ပါတယ်နော် ... my love friend all... 😍😍😍