ညီအစ်​ကိုချစ်​သူ ၁၂

1.5K 93 4
                                    

brother lover (p 12)
(ညီအစ်ကို ချစ်သူ)

kit//
သူ ခင်သလို ကျွန်တော်လည်း ခင်တာပဲ ဒါပေမဲ့ သူက ကျွန်တော့်ထပ် ခင်တဲ့ ချစ်သူကို ရွေးလိုက်တော့ စိတ်မကောင်းဖြစ်တာပေါ့ ဒါကို mom mom က ရယ်ပီး နောက်ပြောင်နေ သည်။ ပီးတော့ mom mom ပြောတာက သူ့ကောင်မလေးက သူ့ချစ်သူတဲ့ ကျွန်တော်က nong ဆိုတဲ့ စကားကြောင့် ပိုပီးစိတ်မကောင်း ဖြစ်မိသည်။

ပီးတော့ mom mom က သူ့ကို အိမ်ပြန်ခိုင်းနေသည်။ ကျွန်တော်က သူ့ကို စကားအကောင်းမပြောတော့ mom mom လည်း အားနာပီး ပြန်ခိုင်းတာ​နေမှာ။ ဒီမှာနေရင် ကျွန်တော် ရဲ့ စကားနာထိုးတာခံနေရမယ်ဆိုပီး ပြောနေသည်။ သူက mom mom ပြောတာကို ထောက်ခံတော့ ကျွန်တော်လည်း မျက်စောင်းထိုးကြည့်လိုက်သည်။

သူက ပြုံးပြပီး လွယ်အိတ်နဲ့ ဖုန်းကို ယူကာ နှုတ်ဆက်ပီး ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ရင်း ထွက်သွားသည်။ ကျွန်တော်လည်း ပြန်မကြည့်ပဲ စွတ်ပြုတ်သာ သောက်နေလိုက်သည်။ သူကျောခိုင်းထွက်သွားတော့မှ သူ့နောက်ကျောကို ကြည့်ရင်း ကျန်ခဲ့သည်။

ပီးတော့ ကျွန်တော် စွတ်ပြုတ်ထပ်သောက်နေ လိုက်သည်။ mom mom က ကျွန်တော့်ဘေးထိုင်နေရင်း သူထွက်သွားတာ လိုက်ကြည့်ပီး ကျွန်တော် သောက်နေတာကို ပြန်လှည့်ကြည့်နေသည်။ ခဏနေ ကျွန်တော် သောက်တာ ကုန်သွားတော့ mom mom က

''kit ရေသောက် ပီးရင် ဟိုမှာ ဆေးယူသောက် လိုက်ဦး''

''ဟုတ်''

''တကယ် သက်သာတာလား မပေနဲ့နော် ဆရာဝန်ခေါ်စရာရှိ ခေါ်လို့ရအောင်''

''သက်သာတယ်''

ကျွန်တော်က ပြောပီး ဆေးယူသောက်လိုက်သည်။ ဒါနဲ့ mom mom က ကျွန်တော့်လက်ထဲက ဖန်ခွက်ကို လှမ်းယူပီး ဗန်းပေါ်တင်လိုက်သည်။ ပီးတော့ mom mom က

''ဒါဆို မလှဲနဲ့ဦးခဏထိုင်နေ''

''ဟုတ်''

mom mom က ပြောပီး ထထွက်သွားသည်။ ကျွန်တော်လည်း အခန်းထဲတွင် တစ်ယောက်တည်း ကျန်ခဲ့သည်။ ကျွန်တော်လည်း ခေါင်းဦးကို ကျောပြန်မှီပီး ခြေဆင်းကာ နေလိုက်သည်။ ပီးတော့ p' ကို တွေးနေလိုက်သည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now