ညီအစ်ကိုချစ်သူ ၆၂

1K 65 4
                                    

brother lover (P 62)
(ညီအစ်ကိုချစ်သူ)

kit//
ကျွန်တော်လည်း p' တို့အိမ်ကပြန်လာပီး အိမ်ထဲဝင်တော့ par par က ရောက်နေပီ mom နဲ့ mom mom က TV ကြည့်နေသည်။ ဒါကို par par က လှမ်းကြည့်ပီး

''sing လေးဆီက ပြန်လာတာလား''

''ဟုတ်တယ်လေ par par''

''အေးပါ မင်းတို့လည်း သွားလိုက် လာလိုက်နဲ့ အလုပ်ရှုပ်နေတာ တစ်အိမ်တည်းနေ လိုက်ကြပါလား''

ကျွန်တော်က ​နောက်​​ပြောင်​တဲ့ပုံနဲ့

''ကောင်းတာပေါ့''

mom က
''ပြောမနေနဲ့ သူတို့နှစ်ယောက်ကို လွှတ်ထားလိုက် တစ်ယောက်ယောက် အိမ်ထောင်ကျမှ ခြေငြိမ်ကြမှာ''

mom က အဲလိုပြောလိုက်တော့ ကျွန်တော်က နှုတ်ခမ်းလေးဆူလိုက်သည်။ 'mom ကလည်း ပြောရက်လိုက်တာ' လို့ စိတ်ထဲက ပြောလိုက် သည်။ ဒါကို mom mom က

''ဒါလည်း ကောင်းပါတယ် mom ရယ် သူတို့နှစ်ယောက်ပဲ အေးအေးဆေးဆေးရှိတာ ဒီလိုအရွယ်တွေက ဆိုင်ထိုင်ဘာထိုင်နဲ့ မိဘတွေ စိတ်ပူနေရတာလေ''

''အင်း''

mom က ခေါင်းညိတ်လိုက်သည်။ ကျွန်တော်လည်း အပေါ်တက်လာခဲ့လိုက်သည်။ ပီးတော့ ဆရာက စိတ်ကူးထဲက ပုံဖော်ပီး ဆွဲခိုင်းတဲ့ အိမ်ပုံစံကို ဆွဲဖို့ စတင်လိုက်သည်။ ကျွန်တော်က ပုံဆွဲခဲတံလေးကိုကိုင်ပီး

'ကျွန်တော်တို့နှစ်ခြံကို ပေါင်းပီး အိမ်ကြီးတစ်အိမ်ဆောက်မယ် ပီးရင် p' ရယ် ကျွန်တော်ရယ် အပေါ်ထပ်မှာ တစ်ခန်း mom ကိုလည်း အပေါ်မှာတစ်ခန်း/ mom mom နဲ့ par par ရယ် အောက်မှာ တစ်ခန်း/ mom နဲ့ par ရယ် ကိုလည်း အောက်မှာတစ်ခန်းထား လိုက်မယ်

အိမ်ကိုလည်း ခမ်းခမ်းနားနားလေး ဆောက်မယ် ခြံထဲမှာလည်း နေပူမိုးရွာ အေးအေးဆေးဆေး နားနေလို့ရအောင် အမိုးလေးနဲ့ ခုံတွေနဲ့ စားပွဲဝိုင်းနဲ့ ဆောက်မယ် ရေကူးကန်နဲ့ စိမ်းလန်းစိုပြေတဲ့ ပန်းခင်းလေးနဲ ​နေမယ်​'ဆိုပီး တွေးကာ ဆွဲနေလိုက်သည်။

ကျွန်တော်လည်း ဆွဲပီးတော့ ပုံဆွဲစာရွက်ကို သေချာလိမ့်၍ သိမ်းလိုက်သည်။ ပီးတော့ ကုတင်ပေါ်တွင် လှဲကာ အိပ်လိုက်သည်။ ကျွန်တော်လည်း ဆွဲတာမပီးသေး၍  အိပ်တာနောက်ကျသွားသည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now