စာစဉ် ၁၃ ( ၁၅ + ၁၆ )
शुरू से प्रारंभ करें:
“အဲဒါကြောင့် ဘိုးဘိုးက မင်းကို တော်တော်လေး ရင်းနှီးနေပါတယ်လို့ ထင်နေမိတာကိုး” ပရော်ဖက်ဆာ လီရွဲ့၊ စိတ်လှုပ်ရှားစွာ ပြောဆိုလာရင်း၊ သူ့မျက်လုံးထဲတွင် နွေးထွေးသည့်အရိပ်အယောင်တို့ပင် ထုတ်ဖော်ပြသ လာလေသည်။
“အဘိုးကြီး၊ ခင်ဗျားရဲ့ဒီမြေးမလေးက ထူးချွန်တယ်ဗျာ”
ပရော်ဖက်ဆာ လီရွဲ့၏စကားတို့အား ကြားလိုက်သည်နှင့်၊
အခန်းထဲတွင် ရှိနေကြသည့်လူတိုင်း ကြောင်အကုန်ကြတော့ပြီး ၊
သူ ဘာကို ဆိုလိုသည်ကို နားမလည်ကြတော့။
အမေနှင့်သမီးဖြစ်သည့် ဖန်ရှုမင်နှင့်လျန်ရှီဟန်
နှစ်ယောက်စလုံးပင် လုံးဝအတိ စိတ်ရှုပ်ထွေးမှု၊ ဝေခွဲမရဖြစ်မှုတို့ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့ပြီ။
ရီဟုန်းဝေ အံ့သြဘနန်း ဖြစ်သွားရလေသည်။
ပြီး သူ မေးလိုက်ပါ၏။
“ဘာကို ဆိုလိုတာလဲ”
                     💖💖💖💖💖💖💖💖💖
စာစဉ် ၁၃၊ အခန်း ၁၆။ ကျောင်းသားတစ်ယောက်အပေါ် လုကြခြင်း
“ဟားဟားဟား၊ အဘိုးကြီးရာ၊ မင်း မသိသေးဘူးလား”
ပရော်ဖက်ဆာ လီရွဲ့၊ ရယ်မောချလာပြီး ရီဝမ်ဝမ်ဆီ ညွှန်ပြလာသည်။
သူ ပြောလာသည်ကား။
“မင်းရဲ့ ဒီမြေးမလေးက အရမ်းကို ထူးချွန်တယ်ကွ -- သူမလေးက အထွေထွေဘာသာရပ်မှာ ငါတို့တစ်မြို့လုံး ပထမရထားတာကွ။ ဒီတစ်ခေါက်ကျောင်းသားသစ်တွေအသုတ်ထဲမှာတော့ ရီဝမ်ဝမ်က ပထမနေရာ သေချာပေါက်ပဲ။ မဟုတ်သေးဘူး။ တကယ်တော့ အရင်ပြီးခဲ့တဲ့ ကျောင်းသားသုတ်သုံးသုတ်မှာကို ဘယ်သူကမှ ၀မ်ဝမ့်ကို ကျော်တက်နိုင်တဲ့သူ မရှိသေးဘူး။ ငါတို့အင်ပါရီယာမီဒီယာက သူမကို ရဖို့အတွက် အင်ပါရီယာမြို့တော်တက္ကသိုလ်နဲ့ ရန်အကြီးကြီး ဖြစ်ရလု နီးနီးပဲ။ ၀မ်ဝမ်က နောက်ဆုံးမှာ အင်ပါရီယာမီဒီယာကို ရွေးချယ်လိုက် တာကိုပဲ ကျေးဇူးတင်ရမယ်”
“အဲ့ဒီလောက်ထူးချွန်တဲ့ကလေးမလေးမျိုးကို ဘယ်မိသားစုကများ မွေးထုတ်ပေးထားတာလဲလို့ ငါ သိချင်နေမိတာ။ မထင်ထားမိဘဲ၊ မင်းရဲ့မိသားစု ဖြစ်နေတာကိုး”