စာစဉ် ၁၃ ( ၁၅ + ၁၆ )
Comenzar desde el principio
ရီဝမ်ဝမ်အပေါ် အဘိုး၏သဘောထားကို သတိထားမိလိုက်သည်နှင့်၊ လျန်ရှီဟန်၊ ထိတ်လန့်ခြင်းကင်းကာ ရီဝမ်ဝမ်အား အကြည့်တစ်ချက် ပစ်လွှတ်လိုက်တော့၏။
“မေမေနဲ့ငါက ဘိုးဘိုးနဲ့ပရော်ဖက်ဆာ လီ ကို ဆွေးနွေးတိုင်ပင်
ချင်တာတစ်ချို့ ရှိနေတယ်။ ဒီတော့ ထွက်သွားပေးပါလား”
ရီဝမ်ဝမ် တုံ့ပြန်လာသည်ကို စောင့်စားခြင်းမရှိဘဲ၊ ရုတ်တရက်၊ ပရော်ဖက်ဆာ လီရွဲ့၊ မတ်တပ်ထရပ်လာကာ သူ၏မျက်လုံးတို့ကို ကျဉ်းမြောင်းကြည့်လိုက်၊ သူ့လက်ချောင်းတို့ဖြင့် သူ့မျက်မှန်အား ပွတ်တိုက်ကြည့်လိုက်ဖြင့် သူ ရီဝမ်ဝမ်အား စေ့စေ့စပ်စပ် ကြည့်လာလေသည်။
“ဘယ်ကျောင်းက အောင်ခဲ့တာလဲ”
ပရော်ဖက်ဆာ လီရွဲ့ မေးလာခြင်းပင်။
“ဆရာကြီး လီ၊ ကျွန်မ ဆရာကြီးကို ပြောပြလိုက်ရင် ဟာသလုပ်နေတယ်လို့ ဆရာကြီးထင်သွားမှာ စိုးမိတယ် --
ရီဝမ်ဝမ်က အထက်တန်းကျောင်းမပြီးသေးခင်မှာပဲ
ကျောင်းကနေ အထုတ်ခံလိုက်ရတယ်”
ဖန်ရှုမင်၊ ရီဝမ်ဝမ်အား တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး
ရီဝမ်ဝမ် ပြန်မပြောလာနိုင်ခင် ရှုံချပြောဆိုပစ်လိုက်ပါ၏။
“ရီဝမ်ဝမ်?”
ဒီအခိုက်၊ ပရော်ဖက်ဆာ လီ ၏မျက်နှာမှာ ဗလာဟင်းလင်း ဖြစ်သွားတော့လေပြီ။ ဝေခွဲမရမှုအရိပ်အယောင်တန်းလေးသည် သူ့မျက်လုံးထဲ ဖြတ်ပြေးလာလျက်။
“မင်းက ချင်းဟော်ကျောင်းက ကျောင်းသားတစ်ယောက်ပဲ”
ပရော်ဖက်ဆာ လီရွဲ့၏အပြုအမူကို မြင်လိုက်ရသည့်အချိန်၊ ရီဟုန်းဝေ၏မျက်နှာမှာ ရုပ်ဆိုးလာတော့လေသည်။ ဒီစားပွဲတွင်ရှိနေကြသည့် ဧည့်သည်တော်တိုင်းသည် အရေးပါအရာရောက်လှသည့် ဧည့်သည်ပင် ဖြစ်ကြသည်မို့။
ရီဝမ်ဝမ် အရမ်းကို အရှက်ရသိမ်ငယ်စရာကောင်းတာတွေ လုပ်ထားခဲ့တာမို့သာ ပရော်ဖက်ဆာ လီရွဲ့ကပါ
ဤအကြောင်းကို သိနေတာများ ဖြစ်နိုင်မလား…
ဒီအတွေးနှင့်အတူ၊ ရီဟုန်းဝေ၊ ရီဝမ်ဝမ်အား သတိပေးသည့်အကြည့်တွေကို ပေးလိုက်၏ ။
ရီဝမ်ဝမ်သည်ကတော့၊ ပရော်ဖက်ဆာ လီရွဲ့အား ကြည့်လိုက်ကာ ဖြည်းဖြည်းသာသာလေး ခေါင်းညိတ်ပြလိုက်သည် ။
“ဟုတ်ပါတယ် ဘိုးဘိုး”