စာစဉ် ၁၃ ( ၁၅ + ၁၆ )
Start from the beginning
“နေကောင်းပါရဲ့လား၊ ဘိုးဘိုး လီ”
လျန်ရှီဟန်၊ သူမ၏အချိုတကာ့အချိုသာဆုံးသောအသံဖြင့် မေးမြန်းသမှုပြုလာတော့သည်။
ဤသည်ကို ကြားသည်နှင့်၊ လီရွဲ့၊ ပြုံးပြလာပြီး ပြန်ဖြေဆိုလာပါ၏။
“လျန်ရှီဟန်၊ ဟုတ်တယ်နော်။ ဒီနှစ်ကျောင်းသားတစ်သုတ်ထဲမှာ အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အင်ပါရီယာမီဒီယာကို ၀င်ခွင့်ရတယ် ဆိုတော့ မင်းအနေနဲ့ တော်တော်ကြီးကို ထူးချွန်နေလို့ပဲ ဖြစ်ရမယ်။  အနာဂတ်မှာ ဒီထက်ပိုပြီးတော့ အများကြီးဆက်ကြိုးစားထား၊ ဟုတ်ပီလား”
“ဘိုးဘိုးရဲ့ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်၊ ဘိုးဘိုး လီ။ ကျွန်မ သေချာပေါက် ပြင်းပြင်းထန်ထန် ကြိုးစားသွားပါမယ်” လျန်ရှီဟန်၊ နာခံလိမ္မာစွာ ခေါင်းလေးတညိတ်ညိတ်ဖြင့်။
ဖန်ရှုမင်၊ စကားဝင်ပြောတော့မည်ရှိသေး။
သိမ်မွေ့ညင်သာသည့် အသံလေးတစ်သံသည်
အနောက်ကနေ သူမအား ကြားဖြတ်ပြောလာပါ၏။
“ဘိုးဘိုး သက်ကျော်ရာကျော်ရှည်ပြီး စိတ်ချမ်းသာပျော်ရွင်ပါစေလို့ မြေးမလေး ဆုတောင်းပေးပါတယ်”
ရီဝမ်ဝမ်၊ သင့်လျော်လျောက်ပတ်သည့် ညနေခင်းဝတ်စုံလေးကို ၀တ်ဆင်ထားလျက် သူမ၏အပြုအမူတို့မှာ အလွန်အမင်းပင် တင့်တယ်ကျက်သရာဖြာလို့နေချေ၏။
ရီဝမ်ဝမ်အား မြင်လိုက်ရသည်နှင့်၊ ချက်ချင်းဆိုသလိုပင်၊ ရီဟုန်းဝေ၏မျက်ခုံးတို့ တွန့်ကြုတ်သွားရတော့ပြီ။
ရီဟုန်းဝေထံတွင် ဤမြေးမလေးအပေါ် အမြင်ကောင်းတို့ ရှိမနေခြင်း ပါတည်း။ ပြီးခဲ့သည့်နှစ်အတွင်းမှာ ရီဝမ်ဝမ်ဟူသည် ရီ မိသားစု၏ အိမ်တော်ကြီးဆီ အတင်းဝင်ရောက်လာပြီး အကြိမ်ပေါင်း မရေတွက် နိုင်အောင်ပင် ဆူညံဝုန်းဒိုင်းကြဲမှုကြီးတို့ လုပ်သွားတတ်သည်ချည်း။ တစ်ကြိမ်တိုင်းစီသည် ရီဟုန်းဝေ၏ သဘောထားအမြင်တို့ကို ပိုပိုဆိုးဝါးလာစေသည်ချည်း ဖြစ်လျက်။ ယနေ့တွင်တော့ သူသည် သူမအား လုံးဝအတိ မြင်ပင်မမြင်ချင်တော့ခြင်းပါတည်း။
“အင်း”
ရီဟုန်းဝေ၏လေသံသည် သိသိသာသာကို အေးစက်လို့နေ၏ ။