စာစဉ် ၁၃ ( ၁၃ + ၁၄ )
Start from the beginning
“အဲဒီစကား ‘ဇာမဏီငှက်အသိုက်မှာ နေနေကြတဲ့ ကျီးကန်းတွေ’ ဆိုတဲ့ အသုံးက တကယ်ကြီး မိတယ်ကွာ”
“သူတို့တွေ ရီရှောင်ထင်းမိသားစုရဲ့ ကြင်နာမှုမှာ ပျော်မွေ့နေကြပြီး တော့များ။ ဘာ…အိမ်ပိုင်ရှင်ကို လှောင်ပြောင်သရော်ပြီးတော့ သူတို့ကို အိမ်ကနေပါ မောင်းထုတ်ချင်သေးတယ်…သူတို့တွေက တော်တော်ကို အရေထူတာပဲ။ တကယ့်ကို မျက်စိပွင့်နားပွင့်ပါတယ်ရှင်”
“ကျွတ်စ်…လျန်ရှီဟောင်ကရော ဘာများထူးသေးလို့လဲ။ ခုနလေးကတင်ပဲ နှုတ်သီးကောင်းလျှာပါးနဲ့ မရပ်တန်းတရစပ် ပြောသွားခဲ့တာ။ သူမ မိဘတွေကို ဘယ်လိုများ အဝေးကို ခေါ်သွားမလဲဆိုတာ ကြည့်ကြည့်ချင်သေးတယ်”
“သူမမိဘတွေကို ခေါ်သွားမယ်တဲ့လား ။ လျန်ရှီဟန်က အဲ့အိမ်မှာ နေနေသေးတုန်းပဲလို့ ရီဝမ်ဝမ် ပြောသွားတာကို မင်း မကြားလိုက် ဘူးလား….”
……..
“ရီဝမ်ဝမ်၊ မင်း ဘယ်သူ့ကို မိသားစုနှောလို့ ခေါ်နေတာလဲ။
မင်း ပညာတောင် မတတ်ဘူးလား”
ဖန်ရှုမင်၏မျက်လုံးတို့သည်ကား ၊
ဒေါသတို့ဖြင့် မှုန်ယိုနီဆိုင်းလို့ နေလေပြီ။
“မေမေ၊ သူမက ပညာနဲ့ပတ်သက်ရင် ဘာမှသိတာ မဟုတ်ဘူး။ သူမ ဘယ်လိုလုပ်ပြီးတော့ ချင်းဟော်ကျောင်းကို ၀င်ခွင့်ရခဲ့သလဲဆိုတာကို သမီးဖြင့် သိတောင်မသိဘူး -- သူမက နှစ်တိုင်း ဟိုးအောက်ကနေ ပြန်ရေရင် နံပတ် ၁ ချည်းပဲ။ သူမ ကျောင်းထုတ်ခံရပြီးနေပြီလားတောင် မသိဘူး” လျန်ရှီဟောင်၊ ပြောလာခြင်းပါတည်း။
ရီဝမ်ဝမ်သည်ကား အပြုံးတစ်ပွင့်ကို ပန်ဆင်ထားလျက်။
တခနလောက် တိတ်ဆိတ်စွာ နေနေပါ၏။ ပြီးမှ ပြောလာလေသည်။
“သေချာပေါက် ကျွန်မတို့က ၀မ်းကွဲညီမလေး ရှီဟန်လောက်တော့ ပညာမတတ်ဘူးပေါ့။ ၀မ်းကွဲညီမလေးရဲ့အရည်အချင်းတွေနဲ့ဆိုရင် သူမက သူမမိဘတွေကို မကြာခင် အဝေးကို ခေါ်သွားတော့မှာ ။ ဒီတော့မှ ကျွန်မနဲ့ကျွန်မရဲ့အသုံးမကျတဲ့အစ်ကိုမှာ အိမ်ကို ပြန်လာနေနိုင်တော့မှာ”
သူမ ပြောသည်ကို ကြားလိုက်သည့်နောက်၊ ရီမူဖန်၏ကိုယ် တောင့်တင်း သွားတော့လေပြီ။ သူ ရီဝမ်ဝမ်အား အကြည့်တစ်ချက် ပစ်လွှတ်လိုက် တော့ချေ၏။