စာစဉ် ၁၃ ( ၁၃ + ၁၄ )
Zacznij od początku
ရီဝမ်ဝမ်၊ ခေါင်းညိတ်လာ၏။
“ဟုတ်တယ်။ ညီမလေးတို့တွေက အပေါ်ယံကြောလေး ဟန်ဆောင်ကြင်နာပြတတ်တဲ့ တချို့တချို့သော လူတွေနဲ့ မတူတာက တော်တော်ကို ဆိုးတာပဲနော် -- ပိုင်ရှင်ပိုင်တဲ့ ပစ္စည်းကို ယူ၊ သူတို့အပိုင် ဖြစ်အောင်လုပ်ပြီး ပိုင်ရှင်ကို မောင်းထုတ်တတ်တဲ့လူတွေလိုပေါ့”
“ဘာအဓိပ္ပာယ်လဲ ပြောပြပါဦး၊ ညီမလေးရ….”
ရီမူဖန်၊ သူ့လက်တစ်ဖက်ဖြင့် မေးစေ့ကို ပွတ်သပ်နေလျက်၊ စဉ်းစားဟန်ပြုလိုက်ပြီး ရီဝမ်ဝမ်ပြောသည်အား သံယောင်လိုက် ၀င်ထောက်ပေးလိုက်ခြင်းပင်။
“ဇာမဏီငှက်အသိုက်မှာ နေနေကြတဲ့ ကျီးကန်းတွေကို ပြောတာပါ”
ရီဝမ်ဝမ်၊ ဖန်ရှုမင်၏မိသားစုအား ထူးမခြားနားစွာ ကြည့်လိုက်ရင်း ခိုးတခစ် တီမထင်ဟန် ရယ်ပြောလိုက်သည်တည့် ။
ဒီအချက်တွင်တော့၊
လျန်ကျားဟောင်၏မျက်နှာသည်
လုံးဝအတိ ရဲတွတ်သွားတော့ပြီး
ပြန်ပြောစရာ စကားတစ်ခွန်းမှပင် သူ ရှာမရတော့။
ဒီအခိုက်၊ အားလုံးသော ဧည့်သည်တော်တို့သည်လည်း
ထူးဆန်းသည့်အကြည့်တို့ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြတော့လေသည်။
လျန်ရှီဟန်နှင့် ဖန်ရှုမင်တို့၏ စကားအသွားအလာတို့ကြောင့်၊ ရီရှောင်ထင်း၏မိသားစုကို ဖန်ရှုမင်တို့နေရာဌာနမှ ထွက်သွား
စေရန်ပင် ဖြစ်သင့်သည်ဟု ထင်နေခဲ့မိကြသည်တည့်။
သို့သော်၊ အမှန်တရားသည်က ဤသို့နှယ် ဟုတ်ဟန်မတူချေ။
လျန်ကျားဟောင်နှင့် ဖန်ရှုမင်တို့ အခုနေနေကြသည့် အိမ်မှာ တကယ်ပင် ရီရှောင်ထင်းထံမှ ရခဲ့သည့် လက်ဆောင်ဖြစ်နေ သည်တဲ့လား….
“ဒါက…ဖန်ရှုမင်တို့မိသားစု နေနေကြတဲ့အိမ်က
တကယ်ကြီး ရီရှောင်ထင်း ၀ယ်ပေးထားတာလား”
“ငါတော့ မပြောတတ်တော့ဘူး။ ခုနက ဖန်ရှုမင်တို့မိသားစု ပြောသွား တာကို ကြည့်ပြီးတော့ သူတို့တွေ ရီရှောင်ထင်းတို့မိသားစုအပေါ်မှာ အရမ်းကိုပဲ ကြင်နာတတ်လှချည်လားလို့ ငါ တွေးနေခဲ့မိတာ။ ဒါပေမဲ့ ၊ အခုတော့….ကြည့်ရတာ၊ ဖန်ရှုမင်တို့ မိသားစုက ရီရှောင်ထင်းတို့ မိသားစုဆီကနေ အကျိုးအမြတ်တွေ ယူထားတာနဲ့ ပိုတူနေပြီ….”