သူ့အ​ဖေကို အရမ်းချစ်​တဲ့ကျွန်​​တော့်​အဖို့..သူ့သမီး​လေးက​တော့ ရင်​လှိုက်​အသည်းတုန်​ မြတ်​မြတ်​နိုးနိုးချစ်​ရတဲ့ရတနာ​လေးဆိုတာ​တော့​ပြောဖို့​တောင်​မလို..။

appa ဆိုပြီး တီတီတာတာ​ခေါ်သံ​လေးက..ကျွန်​​တော်​လူဖြစ်​ရတာ ထိုက်​တန်​တယ်​လို့​တောင်​ထင်​မိသလိုမျိုး..။
ကျွန်​​တော်​နဲ့သိပ်​မတူ​ပေမယ့်​..နှုတ်​ခမ်း​လေးအ​ပေါ်က
မှဲ့နက်​က​လေးနဲ့ သမီးငယ်​က​လေးက...
ကျွန်​​တော့်​လိုတစ်​ထပ်​တည်း တွတ်​တီးတွတ်​တာ​တွေ ​ပြောတတ်​လွန်းသည်​...။

ခြုံပြီး​ပြောရရင်​..ဒီအသည်း​လေးက..ကျွန်​​တော့်​အတွက်​အ​မော​ပြေ​လေးပင်​..။
မ​တော်​လို့..သူ့အ​ဖေ တစ်​ခုခုဆိုးသွမ်းပြရင်​​တောင်
သမီး​လေးရှိ​နေပြီဆိုတဲ့အသိနဲ့အားတင်းထားလို့ရတယ်
တွေးမိပြန်​ပါသည်​..။

"appa သိလား..မ​နေ့ကဟိုတစ်​​ယောက်​​လေ မီးမီးကို
သကြားလုံးလာ​ပေးပြန်​ပြီ.."

"အယ်​..!.တကယ်​ကြီးလား..အဲ့ဆိုအဲ့သကြားလုံး​လေး​ရော...?"

"ဟီးဟီး..သကြားလုံးက မီးမီးစားလိုက်​ပြီ.."

"ကြည့်​ကြည့်​..သကြားလုံး​တော့စားပြီး လူကို​တော့
ငြိုငြင်​တယ်​​ပေါ့..​အော်​..​ကောင်​မ​လေး​တွေများ သိပ်​တရားတယ်​..."

"appa ကလဲ..မီးမီးက..က​လေးပဲ ရှိ​သေးတာက်ို.."

"လာပါဦး..အဲ့က​လေး​လေးကို..appa နမ်းချင်​လို့.."

ကုတင်​​ပေါ်မှာ ထိုင်​ပြီး..
ကျောင်းသွားမယ့်​ က​လေးငယ်​​လေးကို..ဆံပင်​​လေးနှစ်​ဖက်​စည်း​ပေး​နေတုန်း...သူ​ပြောတာက...
အခုတ​လော မူကြို​ကျောင်းမှာ..သူ့ကိုသကြားလုံးလာလာ​ပေး​နေတဲ့ဟိုဘက်​ခန်းက​ကောင်​​လေးအ​ကြောင်းပါတဲ့..။

ကြည့်​..Park Chan Yeolနဲ့ Park Baek Hyun ဆိုတဲ့အ​ဖေနှစ်​​ယောက်​ရဲ့သမီး​လေးမို့..ငယ်​ငယ်​တည်းက
ဘယ်​​လောက်​​တောင်​စန်းပွင့်​​နေလဲဆိုတာ...။

ပြီးခဲ့တဲ့တစ်​ပတ်​ကဆိုရင်​...အိမ်​ထိပြန်​ပြန်​သယ်​လာတဲ့သကြားလုံး​လေး​တွေကို...သားအဖနှစ်​​ယောက်​အတူတူစားရင်း ပြုံးတစ်​​ပျော်​​ပျော်​လုပ်​ခဲ့ကြ​သေးသည်​..။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now