စာစဉ် ၁၃ ( ၅ + ၆ )
Start from the beginning
အကြိမ်မြောက်များစွာမက တူညီသောစကားအခွန်းတို့ကို ဖန်တရာထေအောင် နားထောင်လာခဲ့ရပြီးသည့်နောက်တွင်၊ မှားနေလျှင်တောင်မှ အမှန်ထင်လာတတ်ကြလေရာ -- ကောလဟလစကားတို့နှင့်ပတ်သက်လျှင်လည်း ထိုနည်းနှင်နှင်ပင်။
သတင်းထောက်တွေသည် နာရီအနည်းငယ်ကြာမျှ
ဆက်ကာ ရပ်နေကြသလို၊ အနုပညာရှင်တွေသည်လည်း
တဖွဲဖွဲ ရောက်ရှိလာနေကြလေသည်။
သတင်းထောက်များစွာမှာ ဆက်နေနေကြဆဲပင်။
ရီ မိသားစု မွေးနေ့ပွဲနှင့် ပတ်သက်ပြီး ဘာသတင်းမှ ရမလာနိုင်ဘူးဟု ဘယ်သူကမျှ အာမမခံနိုင်ဘူး မဟုတ်ပါလော။
အကယ်၍ ၊ သူတို့တွေသည် နာမည်ကျော်သရုပ်ဆောင်တစ်ချို့တလေ မူးလာကြသည်ကို ရိုက်ယူနိုင်သွားမည်ဆိုလျှင်ပင် သူတို့တွေအတွက် စောင့်၇ကျိုး နပ်ပေသည်တည်းမို့။
နာရီဝက်ကြာပြီးသည့်နောက်၊ သခင်ကြီး ရီ ၏ မွေးနေ့ပွဲကို ဂုဏ်ပြု
လာကြသည့်သူတွေအားလုံး ရောက်ရှိနေကြလေဟန်တူသည်။ ဘယ်သူကမျှ ထပ်ပေါ်လာခြင်း မရှိတော့။
ထိုညနေ နေ၀င်ရီစောင်းတွင်မှ၊ တက္ကစီတစ်စီး၊
ထိုနေရာဆီ ဖြေးညင်းစွာ ဆိုက်ေ၇ာက်လာပါ၏။ ဇိမ်ခံကားကြီးတွေကြားတွင်၊ ဟောင်းနွမ်းပြီး စုတ်ပြတ်သည့် တက္ကစီလေးတစ်စီးသည် ထင်းထွက်လို့နေလေလျက် ။
“အဲ့ကား နေရာမှား ရောက်လာတာပဲ ဖြစ်ရမယ်။ အဟတ်…”
တက္ကစီတစ်စီးကို မြင်လိုက်သည့်ခိုက်၊
သတင်းထောက်အနည်းငယ် စပ်စုလိုစိတ် တရုန်းရုန်း ရုန်းကြွလာလေသည် -- အားလုံးက ရီ မိသားစု မွေးနေ့ပွဲကို တက်ရောက်နေကြတဲ့အချိန်မှာ တက္ကစီထဲတွင် ဘယ်လိုလူများ ပေါ်ထွက်လာလေမလဲဟု...
ရီ မိသားစု၏ လုံခြုံရေးဝန်ထမ်းတို့သည်ကား တားမြစ်နေရာ အပြင်ဘက်ကနေ ရပ်လို့နေရင်း။ ကားအား တားလာ၏။ ဒီနေရာသည်ကား ကိုယ်ပိုင်နေရာဖြစ်နေပြီး လူတိုင်းကို
အထဲဝင်ခွင့် ပြုထားခြင်း မရှိသည်မဟုတ်ပေလော။
ဒရိုင်ဘာသည် ကားကို ရပ်လိုက်ပါ၏။ ပြီး၊
စိတ်ညစ်ညူးဟန်ဖြင့် အနောက်ဘက်ခန်းက မိသားစုသုံးယောက်သားအား လှည့်ကြည့်လိုက်သည်။