ရူပဒါလီရဲ့ သခင်လေး

83 7 0
                                    

အခန်း ၁၂~~~~

မြမျိုးဆက် သတိမေ့နေရာမှ ကမန်းကတမ်းနိုးလာတော့ သူမ၏ အိပ်ရာပေါ်တွင် ရှိနေမှန်း သိလိုက်ရသည်။ သူမ စိတ်ထဲတွင် ဘာကို ကြောက်မှန်းမသိ အရမ်းကို တုန်လှုပ်ခြောက်ခြားမိနေသည်။

*မနက်ဖြန်ရောက်တာနဲ့ နင်ဒီနေရာကနေထွက်သွားလိုက်တော့*

အလွန်ကြောက်ဖို့ကောင်းသော မကောင်းဆိုးဝါး၏ စကားက သူမ၏ နားထဲမှာ စွဲနေတော့သည်။ သူ အိပ်ရာမှ ထကာ နန်းတွင်းသူများကို ခေါ်၍ ပြင်ဆင်ခိုင်းပြီး ဂဠုန်ဘုရင်ထံသို့ သွက်လက်သော ခြေလှမ်းများဖြင့် ထွက်ခဲ့လေသည်။ ညနေပိုင်းရောက်နေပြီ ဖြစ်သောကြောင့် လေးကြမ်းများတိုက်ကာ
အတော် အေးလျှက်ရှိသည်။ မြမျိုးဆက် အအေးဒဏ်ကို အံတု၍ မင်းကြီး၏ နန်းဆောင်သို့် ခပ်သွက်သွက် လျှောက်ခဲ့သည်။

မင်းကြီး၏ နန်းဆောင်ရှေ့သို့ ရောက်လာတော့ သက်တော်စောင့်များမှ တဆင့်ရောက်ကြောင်း လျှောက်ကာ ဝင်ခွင့်ပေးသဖြင့် မြမျိုးဆက် လက်သီးလေးစုပ်ကာ မင်းကြီး အရှေ့သို့ အခစားဝင်လိုက်သည်။ မြမျိုးဆက် အခန်းကို ရောက်တော့ မင်းကြီးက စာဖတ်နေသည်။

" မင်းကြီးကို ဂါဝရပြုပါတယ်။"

မြမျိုးဆက် နှုတ်ဆက်တော့ မင်းကြီးက ပြုံးပြီး ပြန်နှုတ်ဆက်သည်။

" မင်းကြီး ကျွန်မအရေးကြီး ကိစ္စပြောစရာ ရှိလို့ပါ။"

" မင်းသမီး ပြောလိုရာပြောပါ။"

"မင်းသားနဲ့ လက်ဆက်တာကို ဖျက်သိမ်းချင်ပါတယ်။"

မင်းကြီးအနည်းငယ် မျက်နှာအနည်းငယ် ပျက်သွားကာ မျက်လုံးများက အံသြမှုဖြင့် မြမျိုးဆက်ကို ကြည့်နေသည်။ သို့သော် လည်ချောင်းရှင်းကာ ဣဒြေ္နဆည်ပြီး

" ဘာပြဿနာများဖြစ်လို့ပါလဲ မင်းသမီး"

" ကျွန်မနဲ့ မင်းသားနဲ့ အလုပ်ဖြစ်မယ် မထင်ပါဘူး မင်းကြီး။ ကျွန်မတို့ နှစ်ယောက်က တစ်ယောက် နဲ့တစ်ယောက် သံယောဇဉ် နည်းနည်းမှတောင်မရှိပါဘူး။ ကျွန်မက ကိုယ်မချစ်မနှစ်သက်သူတစ်ယောက်နဲ့ ကိုယ့်ကိုလည်း သံယောဇဉ်မတွယ်နိုင်တဲ့ လူတစ်ယောက်နဲ့တော့ အိမ်ထောင်ရေး တစ်ခုကိုမတည်ဆောက်ချင်ပါဘူး။ စေ့စပ်ပွဲကို ဖျက်သိမ်းခွင့်ပြုပါ အရှသ်မင်းကြီး။"

ရူပဒါလီရဲ့သခင်​​လေးHikayelerin yaşadığı yer. Şimdi keşfedin