ညီအစ်ကိုချစ်သူ ၇၆

Start from the beginning
                                    

''ဟင်း ဟင်း''

ကျွန်တော်က ရယ်လိုက်သည်။ ဒါကို p' က မျက်လုံးပြူးကြည့်ပီး နှုတ်ခမ်းဆူပြသည်။ ပီးတော့ mom က

''သံပုရာရည်ဖျော်လိုက်ရမလား အမူးပြေအောင်''

p' က
''ရပါတယ် mom အရမ်းမှ မမူးတာ''

''အေး အေး ပီးရော နားတော့ မနက်ကျောင်းသွားရမှာ''

''ဟုတ်''

ကျွန်တော်တို့ အပေါ်တက်လာခဲ့သည်။ အပေါ်ရောက်တော့ ကျွန်တော်က ခုံမှာ ဝင်ထိုင်တော့ p' က ဘေးမှာ ဝင်ထိုင်ပီး

''အရမ်းမူးနေရင် သံပုရာရေသောက်မလား''

''မသောက်ချင်ပါဘူး ဒီလိုရီဝေဝေလေးက နေလို့ကောင်းသား''

''အင်း အဲဒါတော့ ဟုတ်တယ်''

''p' ကျေးဇူးနော်''

ကျွန်တော်က p' ပခုံေးလးကို မှီပီးပြောလိုက်သည်။ ဒါနဲ့ p' က

''ဘာလို့လဲ ''

''ကျွန်တော့်ကို ဒီလိုခံစားချက်လေးတွေပေးလို့''

''...''

p' က ဘာမှမပြောပဲကြည့်နေသည်။ ဒါနဲ့ကျွန်တော် ခုံကို ကျောမှီကပ်လိုက်ပီး

''ပီးတော့ ကျွန်တော့်ကို ဂရုစိုက်ပီး ချစ်ပေးလို့''

''အင်းပါ လာ အိပ်လိုက်တော့နော် အိပ်ရင် သက်သာသွားမယ်''

သူက ကျွန်တော့်ကို ထူတော့ ကျွန်တော် သူနဲ့ မျက်နှာချင်းဆိုင်ကြည့်လိုက်သည်။ ပီးတော့ ကျွန်တော် သူ့ပါးလေးကို နမ်းလိုက်တော့ သူက ပြုံးပီးကြည့်နေသည်။ ဒါနဲ့ ကျွန်တော်က

''p' ကို ချစ်တယ်''

''အင်းလေ ကိုယ်လည်း ချစ်တာပဲ လာ လာ အိပ်လိုက်တော့''

sing//
ကျွန်တော် သူ့ကို သိပ်ဖို့ လက်မောင်းကို ဆွဲလိုက်တော့ သူက ကျွန်တော့်ကို မျက်နှာချင်းဆိုင်ကြည့်ပီး ကျွန်တော့်ပါးကို နမ်းလိုက်သည်။ ဒါနဲ့ ကျွန်တော်က ကြောင်ကြည့်နေတော့ သူက လေးလံတဲ့ လေသံနဲ့ ပြောလိုက်သည်။ ဒါနဲ့ ကျွန်တော်လည်း သူ့ကို ပြန်ပြောပီး တွဲထူးကာ ကုတင်ပေါ်တင်လိုက်သည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now