ညီအစ်ကိုချစ်သူ ၇၃

Start from the beginning
                                    

''အော p' ရောက်နေပီ''

''အင်း ဟိုအကျ င်္ီတွေက ဘာလုပ်ထားတာလဲ''

''အာ အဲဒါ ဘာဝတ်ကမှန်းမသိလို့ ရေချိုးပီးမှ ရွေးမလို့ တင်ထားတာ''

''ဟင်း ဟင်း''

သူက ရယ်ပီး ကုတင်နားကို ထလာတော့ ကျွန်တော်က ပြုံးပီးကြည့်နေရင်း ရေသုတ်နေလိုက်သည်။ ဒါကို p' က ရပ်ကြည့်နေရင်း

''ရော့ ဒါလေးဝတ်''

''ရှပ်အင်္ကျီ အနက်လား''

သူက ခေါက်ရက်သားလေးလှမ်းယူပီး စားပွဲပေါ်တင်ပေးတော့ ကျွန်တော် လှမ်းကြည့်လိုက်ရင်း မေးလိုက်သည်။ ဒါကို သူက

''အင်း ကိုယ်လည်း အနက်ပဲလေ ဒါကြောင့် ဝတ်ခိုင်းတာ''

''အင်း ဒါဆို p' လို ဘောင်ဘီလည်း sky blue ဝတ်လိုက်မယ်''

''အင်း''

သူက ခေါင်းညိတ်ပြပီး အင်္ကျီတွေကို အထပ်လိုက်လေးတွေစီပီး ဗီရိုထဲထည့်ပေးနေသည်။ ပီးတော့ သူက ခုံမှာ ပြန်ထိုင်ပီး ဖုန်းယူကာ ဂိမ်းပြန်ဆော့နေသည်။ ကျွန်တော်လည်း ရေသုတ်ပီး ဗီရိုထဲမှ ဘောင်ဘီတွေကို တဘက်မချွတ်သေးပဲ အောက်ကနေဝတ်လိုက်သည်။ ပီးတော့ p' ကို လှမ်းကြည့်တော့ သူက ဂိမ်းဆော့နေသည်။

ကျွန်တော်လည်း ကိုယ်ကို ပေါင်ဒါ အမွှေးနံ့သာတွေ ပွတ်လိမ်းပီး p' တင်ထားတဲ့ အင်္ကျီကို ယူလိုက်သည်။ ပီးတော့ ကြယ်သီးတွေ ဖြုတ်ကာ ဝတ်လိုက်တော့ p' က ထလာပီး ကျွန်တော့်ပခုံးကို လှည့်ပီး

''လာ ကြယ်သီးတပ်ပေးမယ်''

''အာ ရတယ် မတပ်နဲ့''

''ဘာလို့လဲ''

သူက ကြယ်သီးကို လှမ်းကိုင်လိုက်တော့
ကျွန်တော်ကကိုယ်ကို ပြန်လှည့်လိုက်ပီး  ပြောလိုက်သည်။ သူက ကြောင်ကြည့်ပီး ပြန်မေးသည်။ ကျွန်တော်က ကြယ်သီးကိုတပ်နေရင်း မှန်ကနေ သူ့ကိုလှမ်းကြည့်ပီး

''မတပ်ပေးပါနဲ့ တော်ကြာ တပ်ပေးထားတယ်ဆိုပီး  ဝန်ဆောင်ခတွေ ထပ်တောင်းနေဦးမယ်''

''ဝန်ဆောင်ခ... အောင်း ... ဟိုတစ်ခါတပ်ပေးတုံးက ကိစ္စကို သတိရသွားတယ်ပေါ့''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now