ညီအစ်ကိုချစ်သူ ၆၁

Start from the beginning
                                    

''အော kit လေး လာ သစ်သီးလာစား''

''မစားတော့ဘူး mom သား အခုပဲ ထမင်းစားလာတာ''

''အော''

''p' ရော''

''အပေါ်မှာ kit လေးရဲ့ ''

''ဟုတ်''

ကျွန်တော် ခေါင်းညိတ်ပီး အပေါ်တက်လာခဲ့သည်။ အပေါ်ရောက်တော့ အခန်းတံခါးဖွင့်ပီး ဝင်လိုက်တော့ p' က လှည့်ကြည့်သည်။ ပီးတော့ ပြုံးပီး

''ဘာလဲ အခန်းထဲမှာ ချိန်းတွေ့ဖို့လား''

''ချိန်းတွေ့တာမဟုတ်ဘူး တမင်လာတာ''

ကျွန်တော်က ပြောရင်း သူ့အနားကို လျှောက်သွားတော့ သူက စာအုပ်ကို ကြည့်ပီး ပြုံးနေသည်။ ကျွန်တော်က သူ့အနားရောက်သွားတော့ ကျွန်တော်က p' ဘေးနားတွင် ရပ်လိုက်သည်။ p' က ကျွန်တော့်ကို မော့ကြည့်ပီး ပြုံးနေရင်း

''ဘာလဲ ပြောလေ''

''ဘာမှမဟုတ်ဘူး''

ဒါနဲ့ သူက ကျွန်တော့်ကို မော့ကြည့်ရင်း ပြန်လှည့်ပီး လက်ထဲက ဘောင်ပင်ကို ချလိုက်ပီး

''ဒါဆို ကိုယ့်ကို လွမ်းလို့လာတာလား''

''အွန်း ဘယ်သူပြောလဲ''

ကျွန်တော်က မေးလိုက်တော့ သူက လက်လေးဆန့်ပီး ကျွန်တော့်ခါးလေးကို ဆွဲကာ ဖက်ထားလိုက်သည်။ ကျွန်တော်လည်း ရပ်နေရင်း သူ့အနားသို့ ကပ်ကာ သူ့ပခုံးပေါ် လက်တင်လိုက်သည်။ ပီးတော့ ကျွန်တ်ာတို့ တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေလိုက်သည်။ ဒါကို p' က မျက်ခုံးပင့်ပြပီး

''ကိုယ် oaujun နဲ့ ပြေလည်အောင် လုပ်ပေးတာ ဘာမှလည်း ပြန်မပေးဘူး''

''ဘာလိုချင်လို့လဲ ပြောလေ ဝယ်ပေးမှာပေါ့''

''ဒါက ဝယ်လို့မှ မရတာ''

''ဘာလဲ''

ကျွန်တော်က နားမလည်လို့ မေးလိုက်တော့ သူက ပြန်မဖြေပဲ ကျွန်တော့်ခါးကို ဖက်ထားရင်း မျက်နှာငယ်လေးနဲ့ မော့ကြည့်နေသည်။ ဒါနဲ့ ကျွန်တော်က သူဘာလိုချင်တယ်ဆိုတာကို သတိရသွားပီး

''အာ သိပီ''

''ဟင်း ဟင်း''

sing//
ကျွန်တော်က သူ့ခါးလေးကို ဖက်ပီး မော့ကြည့်ရင်း တောင်းဆိုလိုက်တော့ သူက ပထမကြောင်ပီး ကြည့်နေသည်။ နောက်တော့ သူက သတိရပီး ပြောလိုက်တော့ ကျွန်တော် ရယ်လိုက်မိသည်။ ဒါကို သူက ပြုံးနေရင်း ကျွန်တော့် ပခုံးလေးကို လက်တင်ထားရင်း ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ငုံ့ကြည့်ပီး ကျွန်တော့်မျက်နှာနားကို ကပ်လာတော့ ကျွန်တော်လည်း မျက်လုံးလေးမှိတ်လိုက်သည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now