စာစဉ် ၁၁ ( ၁၇ + ၁၈ )
Start from the beginning
လျိုချန်း၊ ခါးသီးစွာ ပြန်ဖြေလာသည်ကား။
“မပေးတာ နှစ်ဝက်နီးပါးလောက် ရှိပါပြီ…”
“ဒါဖြင့် ဒီတစ်ချိန်လုံးလုံး မင်း ဘာတွေ လုပ်နေရလဲ”
ရီဝမ်ဝမ် မေးလိုက်သည်နှင့်။
လျိုချန်း၊ အနည်းငယ် ရှက်ရွံ့သိမ်ငယ်စွာ ကြည့်လာလေပြီး။
“ကျွန်တော်….တခြားအလုပ်တွေ လုပ်နေရတာ…”
သူသည်ကား သရုပ်ဆောင်အလုပ်နှင့်ပတ်သက်သည့် ဘာဆိုဘာမှ လုပ်ခဲ့ရခြင်းမရှိပါချေ။ ထို့တူ၊ တခြားသော ကိုယ်ပိုင်အစီအစဉ်တို့ ဆိုတာလည်း ဘာမှယူမထားလေရာ။ ဒီတော့၊ ကုမ္ပဏီနှင့် စာချုပ် ချုပ်ထားသည်တည်းမို့၊ သူ့တွင် ရွေးချယ်စရာဟူ၍ မရှိတော့ဘဲ တခြားသောအလုပ်တို့ကိုသာလျှင် လုပ်နေရခြင်းပါတည်း။
ရီဝမ်ဝမ်ရဲ့အမူအရာ အေးစက်သွားတော့သည်တည့်။
စာချုပ်ချုပ်ထားတဲ့သရုပ်ဆောင်တွေက ပုံမှန်ဆို အခြေခံလစာက
တော့ ရကြပါတယ်။ ကျိုးဝမ်ဘင်းက သူ့အတွက် ဘာအစီအစဉ်၊ ဘာဇာတ်လမ်းမှလည်း ရှာမပေးထားဘဲနဲ့ သူ့ကိုတော့ စာချုပ်အတိုင်း ချောဆွဲထားတုန်း၊ သူ့ကို လွှတ်ပေးဖို့ အတင်းငြင်းပြီးတော့ သူ့ရဲ့အခြေခံ လစာကိုတောင် ဖြတ်ပစ်ခဲ့သေးတယ်။ သူ့ကို ချောက်ထဲရောက်အောင် အတင်းတွန်းပို့ပစ်နေတာပဲ။
ဒီမသထာရေစာ အခြေခံလစာလေးနဲ့တောင်၊ တခြားသရုပ်ဆောင်တွေ ဆိုရင် မဂ္ဂဇင်းမှာ ဓာတ်ပုံနည်းနည်းလောက် ၀င်အရိုက်ခံလိုက်တာ၊ အစီအစဉ်တစ်ခုကို ယူထားလိုက်မိရုံနဲ့ကို အသက်ရှင်သွားကြတော့ မှာပဲ။ ဒါပေမဲ့၊ လျိချန်းကျတော့ ကုမ္ပဏီကနေ ရလာတဲ့ ၀င်လမ်းတစ်ခု ထဲပဲ ရှိနေတယ်။
ဒီပြီးခဲ့သည့် ၃နှစ်လုံးလုံး သူ ခံစားကြုံတွေ့ခဲ့ရသည့် အခက်အခဲပင်ပန်းဆင်းရမှုတို့ကို မျှော်မှန်းကြည့်ဖို့ရာပင် ခက်တည်းလှပေသည်။ သူသည်ကား အ၇ည်အချင်းရှိလှပါ၏။ တော်တတ်လိမ္မာလွန်းလှပါ၏။ သို့သော် သူ့ရဲ့အရည်အချင်းတို့မှာ အလှပြဖို့ရာသာ ဖြစ်နေခဲ့ရပြီး သူအသက်ဆက်ရှင်နိုင်ဖို့ရာအတွက် ဟိုးအောက်ထစ်ဆုံးက တခြားသောအလုပ်တို့ကို အတင်းအကျပ် လုပ်ခိုင်းခံခဲ့ရသည်တည်းပင်။