စာစဉ် ၁၁ ( ၇ + ၈ )
Start from the beginning
ရီဝမ်ဝမ် ၊ သက်ပြင်းလေးသာ ချလိုက်မိချေတော့ပြီး။
“ကျွန်တော့်ရဲ့ကောင်မလေးက ကျွန်တော် အရက်သောက်တာကို တကယ်ကို မကြိုက်လို့ပါဗျာ”
ဟန်ရှန်းယွီ၊ တ၀ါးဝါး ရယ်မိတော့လေပြီ။
“သူမက ဒီလောက်တောင်မှ တင်းကျပ်ထားတာပဲလား။
သူမလည်း ဒီမှာမှ ရှိမနေတဲ့ဥစ္စာဗျာ၊ မင်းကတော့ အရမ်းကို သိတတ်လိမ္မာတတ်လွန်းနေတာပဲ”
ရီဝမ်ဝမ်။ “….”  ပြသနာက သူမက အခု ဒီနေရာမှာ ဒီအချိန်မှာ ရှိနေတယ်ရှင့်၊ ဟုတ်ပီလား။
ဟန်ရှန်းယွီိ၊ သူမအား စနောက်ပြီးသွားသည့်နောက်၊ သူတို့သုံးဦးသား စတင်စကားစမြည်ပြောဆိုခြင်း၊ သောက်ခြင်း၊ ဟော့ပေါ့စားခြင်းတို့ ပြုကြတော့လေ၏။
ဟော့ပေါ့နှင့် ၀ိုင်နီကို တွဲသောက်စားကြသည်ဆိုသည်က
အနည်းငယ် ထူးဆန်းနေပါသော်ငြားလည်း အရေးကြီးသည်မှာ သူတို့သုံးဦးသားသည် လုံးဝပင် ထိုကိစ္စကို မှုဟန်မတူပါချေ။
စားသောက်နေကြစဉ်အတွင်း၊ စကားစမြည်အများဆုံး ပြောကြသူတို့မှာ ဟန်ရှန်းယွီနှင့် ရီပိုင်သာ ဖြစ်ကြလျက်။ ရီဝမ်ဝမ်ရဲ့နံဘေးနားဆီမှ ထိုလူသည်ကတော့ စကားအလွန်နည်းလေကာ အစားလည်း
များများစားခြင်းမရှိ ။ သူသည်ကား သောက်သာသောက်လို့နေချေပြီး သူ့ရဲ့ပန်းကန်ထဲသို့ ရီပိုင်ထည့်ပေးလာသည့် ဟင်းတို့ကိုသာလျှင် စားခြင်းပြုပါ၏။
ထိုအနှီလူသားသည် ထိုဝိုင်နီဖန်ခွက်ကို သူ့ရဲ့ရှည်သွယ်သည့် လက်ချောင်းတို့နှင့် အသာအယာ လှုပ်ဝှေ့လို့နေနေလျက်။ သူ့ရဲ့အမူအကျင့်အရ၊ ဟန်ရှန်းယွီ ခံစားမိလိုက်တော့သည်ကား၊ ရီပိုင်၏ဒီသူငယ်ချင်းဆိုသူသည် ရိုးရိုးသာမန်မိသားစုက လာတာမဟုတ်ဘူးဆိုတာနှင့်၊ သူုတွင် အဆင့်အတန်းမြင့်မြင့်တစ်ခု ရှိရမည်ဆိုတာ။
သူ့ရဲ့ပြုမူလှုပ်ရှားပုံတို့သည် အချိန်ကြာမြင့်စွာ မြင့်မြတ်သည့် အသိုင်းအ၀ိုင်းမှ လာခဲ့လေသည်မှန်း ပေါ်လွင်လှပေသည်--လူအများရှေ့တွင် ဒီလိုဒီပုံမျိုး စမတ်ကျကျနေနိုင်စေဖို့ သင်တန်း
ပေးခံထားရသည့် ထိုထိုသရုပ်ဆောင်တို့နှင့် နှိုင်းယှဉ်ပါသော် အကြီးကြီးကြီး ကွာခြားလှပေသည်။