စာစဉ် ၁၀ ( ၁၅ + ၁၆ )
Start from the beginning
သူ အော်ဟစ်ဆိုနေရင်းမှာ၊ ရုတ်တရက်၊ ယောကျာ်းတစ်ယောက်၏အသံ သည် ပေါ်ထွက်လာချေ၏။ “ဦးကြီး ကျောက်၊ ခင်ဗျား ဒီလောက်ထိ စိတ်ကြီးနေဖို့ မလိုပါဘူးဗျာ။ ကျွန်တော်က ခင်ဗျားကို ကူညီပေးမလို့ပါ”
ကျောက်တရုန်၊ တိတ်ဆိတ်သွားတော့ပြီး သတိကြီးစွာဖြင့် ပြန်ပြောလိုက်ပါ၏ ။ “မင်း ဘယ်သူလဲ”
တစ်ယောက်ယောက်က သူ့ကို စိတ်လိုလက်ရနဲ့ ကူညီပေးပါမယ် ဆိုပြီးတော့ အရင်တုန်းကသာ ပြောလာခဲ့မယ်ဆိုရင် သူ သူတို့ကို ယုံပစ်မိလိုက်မှာပင်။ သို့သော်၊ အခုတော့၊ တစ်ယောက်ယောက်က သူ့ကို ကူညီပေးမလို့ဆိုတာ ။
“ကျွန်တော် ဘယ်သူလဲဆိုတာက အရေးမကြီးပါဘူးလေ။ အရေးကြီးတာက ကျွန်တော်  ခင်ဗျားကို ဒီအကျပ်အတည်း တွေထဲကနေ လွတ်အောင်လုပ်ပေးနိုင်ပြီးတော့ မီဒီယာတွေ မလိုက်တော့အောင် ကူညီပေးနိုင်တယ်”
ထိုလူသည် မီဒီယာတွေ သူ့နောက် လိုက်နှောက်ယှက်နေတာကို ရပ်သွားအောင် လုပ်ပေးနိုင်သည်ဟု ပြောလာလေရာ၊ ကျောက်တရုန် ၊ ထိုလူစိမ်းအား အလွန်ပင် ကြင်နာတတ်သည်ဟုပင် တွေးတောမိသွား တော့လေသည်။ သို့တိုင်၊ သူ မမေးကြည့်ဘဲတော့ မနေုနိုင်ပါချေ။ “သတင်းထောက်တွေ ငါ့ကို လိုက်နှောင့်ယှက်နေတာကို ရပ်သွားအောင် လုပ်ဖို့ မင်းမှာ ဘယ်လိုအကြံတွေ ရှိလို့လဲ ။ အဲဒီသတင်းထောက် တွေက ခွေးရူးတွေလိုပဲ။ သူတို့တွေ နားထောင်ကြမှာမဟုတ်ဘူး”
“ကျွတ်စ်၊ ခင်ဗျားက အခုလောလောဆယ်တော့ ပူပူနွေးနွေး အမဲသားတစ်တစ်ပဲဟာ။ သူတို့တွေက ခင်ဗျားကို လွယ်လွယ်နဲ့ လွှတ်ပေးစရာလား”
တစ်ဖက်ဖုန်းမှ လူသည် ရယ်ချလာပြီး ပြောလာပါ၏။
“ဥပဒေအတိုင်း ခင်ဗျား သွားနေတာနဲ့ အမှန်တရားက ထွက်လာလိမ့် မယ်။ ဆိုလိုတာက ခင်ဗျားက ပိုက်ဆံအတွက်နဲ့ ဟန်ရှန်းယွီကို ချောက်ချထားခဲ့တဲ့အကြောင်းကို ပြည်သူတွေကို ၀န်ခံရမယ်။ အဲ့လိုသာဆိုရင် အဲဒီကိစ္စက ခေါင်းစဉ်ကြီးတစ်ခုဖြစ်လာပြီး မီဒီယာတွေက ခင်ဗျားအပေါ်ကို အာရုံစိုက်နေတာကို ရပ်သွားကြလိမ့်မယ်”