စာစဉ် ၁၀ ( ၁၃ + ၁၄ )
Start from the beginning
“ဒါဖြင့်ရင် ခင်ဗျား အွန်လိုင်းပေါ်မှာ မန့်ခဲ့တဲ့ အဲဒီကွန်မန့်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုရှင်းပြပေးမလဲခင်ဗျာ။ ခင်ဗျားကပဲ ငါးနှစ် အရွယ်ကလေးမလေးကို ညစ်တီးညစ်ပတ်တွေ ပြောခဲ့ပြီးတော့ အွန်လိုင်းသမားတစ်ယောက်ရဲ့ သမီးကို အကြမ်းဖက်ခြိမ်းခြောက် ထားခဲ့တာ မဟုတ်ဘူးလား”
“ကျွန်တော်….ကျွန်တော် မတွေးဘဲ ပြောလိုက်မိတာ….
ကျွန်တော် တကယ် မလုပ်ခဲ့ပါဘူး….”
“အိမ်နီးနားချင်းတွေရဲ့ စကားတွေကိုရော ။
သူတို့ကိုရော ဘယ်လိုရှင်းပြပေးမလဲရှင့်”
“အဲဒီကောင်က ကျွန်တော့်ကို အမြင်မကြည်ဖြစ်နေတာပါ။
ပြီးတော့ ကျွန်တော့်ကို သက်သက်မဲ့ ချောက်ချဖို့ ကြိုးစားနေတာ။ ကျွန်တော် အဲဒါကို အကြိမ်တစ်ရာမက ရှင်းပြထားပြီးပြီ။
ခင်ဗျားတို့တွေ ဘယ်နှကြိမ်လောက် ကျွန်တော့်ကို
ထပ်ခါထပ်ခါ ရှင်းပြပေးစေချင်နေကြတာလဲ”
“ရှင်နဲ့ အိမ်နီးနားချင်းတစ်ယောက်နဲ့ အဆင်မပြေကြဘူးဆိုတာက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တခြားအိမ်နီးနားချင်းတွေကျတော့ရော။ သက်သေတွေက ငြင်းလို့မရအောင်ကို ခိုင်မာနေပြီ။ ဒါတောင်မှ ရှင်က ငြင်းဖို့ ကြိုးစားနေတုန်းပဲ”
“ငါလိ…”
“ဘာမှပြောစရာမရှိတော့ဘူးမလား၊ ဟမ်။ ဟန်ရှန်းယွီက ပရဟိတ အယောင်ပြပြီးတော့ ခင်ဗျားရဲ့သမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပါ တယ်လို့ ခင်ဗျားက အဆက်မပြတ်ကိုပဲ ပြောနေခဲ့တာ။ ဒါပေမယ့် တကယ်တမ်းကျတော့၊ ခင်ဗျားကသာ ခင်ဗျားရဲ့သမီးကို သူ့ဆီ ရောင်းစားဖို့ ကြိုးစားနေတဲ့သူပဲ ၊ ဟုတ်တယ်မလားခင်ဗျ”
“မင်းအဖေကြီးကိုပဲ ရောင်းမှာကွ”
“ဒါဖြင့် ခင်ဗျားက ငွေရအောင်လို့ ဟန်ရှန်းယွီကို ချောက်ချနေတာပါလား”
မီဒီယာသမားတွေသည် ကျောက်တရုန်အား မေးခွန်းတွေ အဆက်မပြတ် မရပ်မနားတမ်း မေးနေရင်းကနေ ရုတ်တရက်၊ သူတို့တွေ နောက်ထပ်တစ်ယောက်ယောက်ကို ဖမ်းမိသွားကြ တော့လေရာ၊ မြန်မြန်ဆန်ဆန်ဖြင့်ပင် နောက်ထပ်ဦးတည်ရာ လှည့်လိုက်ကြတော့လေသည်။