စာစဉ် ၁၀ ( ၉ + ၁၀ )
Começar do início
မသိလိုက်မိစွာပင်။ လူတိုင်းသည် ကောင်းဖန်၏အကြည့် သွားရာနောက်ဆီ အမှတ်တမဲ့ လိုက်ကြည့်မိကြရင်း….
“မနေ့တစ်နေ့တုန်းက ကျွန်တော် ကျောက်တရုန်ရဲ့အိမ်နီးချင်း တစ်ယောက်ကို အင်တာဗျူးခဲ့ပါတယ်။ ပြီးတော့ သူ့ဆီကနေ ခွင့်ပြုချက်ကို ယူပြီးတော့ ကျွန်တော် အဲဒီအင်တာဗျူးကို အသံဖမ်းထားခဲ့ပါတယ်…”
ကောင်းဖန်၊ အင်တာဗျူးထားသည်တို့ကို ဖွင့်ပြလိုက်တော့လေပြီ။
ထိုဗွီဒီယိုမှတ်တမ်းထဲတွင်၊ ကောင်းဖန်သည် ယောကျာ်းကြီးတစ်ဦးကို အင်တာဗျူးနေခြင်းဖြစ်ပြီး ထိုလူ၏သရုပ်ကို ကာကွယ်ပေးဖို့ရာအတွက် တော့ ထိုလူရဲ့မျက်နှာကို တမင်တကာပင် ကာလာတို့ဖြင့် ကာထားပါ၏။
စခရင်မ်ပေါ်က ရင်းနှီးကျွမ်းဝင်သည့် ပုံရိပ်ကို မြင်ပြီးသည့်နောက်၊ သူ့အိမ်နီးနားချင်းကို ကောင်းဖန် အင်တာဗျူးထားသည်တို့ကို ကြားလိုက်ရသည့်နောက်၊ ကျောက်တရုန်၏မျက်နှာ ပြောင်းလဲသွား
ရတော့လေသည်။
သို့သော်လည်း ၊ ဒီအချိန်တွင် အင်တာဗျူးသည်ကား စတင်ပြီးနှင့်နေလေပြီ….
ကောင်းဖန်။ “ခင်ဗျားရဲ့အမြင်အတိုင်းဆိုရင် ကျောက်တရုန်က ဘယ်လိုလူစားမျိုးပါလဲ”
အိမ်နီးနားချင်း။ “သူက အလုပ်လက်မဲ့။ ပြီးတော့ ရိုးရိုးသားသား မလုပ်စားရတဲ့အလုပ်ကို လုပ်ပါတယ်”
ကောင်းဖန်။ “လောင်းကစားလား ခင်ဗျ။
သူက အဲဒီမှာ တကယ်ပဲ တော်တာပါလား”
အိမ်နီးနားချင်း။ “ကျွန်တော် ကြားမိလိုက်တာကတော့ သူက သူ့သမီးရဲ့ ဆေးဖိုးတွေကိုတောင်မှ ဖြောင်ပြီးတော့ လောင်းကစားလုပ်ပစ်ခဲ့တယ် ဆိုပဲ။ အဲဒီစူပါးစတားလေးရဲ့အကူအညီကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့သမီးလေး ဒီနေ့အထိ အသက်ရှင်နေမှာ မဟုတ်တော့ဘူးဗျ။
သူက အင်မတန့်ကို ကံကောင်းလွန်းပါတယ်ဗျာ”
ကောင်းဖန်။ “အဲဒီစူပါးစတားက ခင်ဗျားအိမ်နီးနားချင်းဖြစ်သူရဲ့ သမီးအပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်ဆိုတဲ့ ကိစ္စရပ် အပေါ်ကိုရော ခင်ဗျားအနေနဲ့ ဘယ်လိုမြင်မိပါသလဲ”