စာစဉ် ၁၀ ( ၉ + ၁၀ )
Start from the beginning
ဓာတ်ပုံထဲက ကောင်မလေးသည်ကား ။
ဦးကြီးကျောက်နှင့် ဒေါ်ကြီးကျောက်တို့၏ သမီးလေးပါတည်း။
ပြီးတော့ ထိုဓာတ်ပုံသည် ကျောက်တရုန်ကိုယ်တိုင်က သူ့မိတ်ဆွေ အပေါင်းအသင်းတွေကို ထိုပုံ ပို့ပေးထားခြင်းပါတည်း။ သူသည် ခေါင်းစဉ်ပင် တပ်ပေးထားကာ။ “ငါ့ကောင်တွေ င့ါရဲ့သမီးကို ဘယ်လိုမြင်ကြတုန်းဟေ” ပြောင်ပြောင်ပြက်ပြက် အီမိုဂျီပါ ပါလျက်။
ဒီဓာတ်ပုံ ထွက်လာသည့်အချိန်တွင်တော့၊
ရှိနေကြသည့် သတင်းထောက်တွေအားလုံး
ကလေးလေးအတွက် ရင်နင့်သွားခဲ့ကြရပေပြီ။
“အိုး ဘုရားရေ။ သူက တကယ့်ကို မွန်းစတားပဲ။ သူက သူု့ရဲ့သမီးအရင်းကိုတောင်မှ အလွတ်မပေးပါလားဟ”
“သူ ဘယ်လိုများ လုပ်နိုင်ရတာလဲ။ ဒီအရွယ်ကလေးမလေးတွေ ဆိုတာက အရမ်းကိုမှ အရှက်အကြောက် ကြီးကြတာ။ အဖေတစ်ယောက်လုပ်နေပြီးတော့ သူ့သမီးအရင်းရဲ့ ဒီလိုပုံမျိုးကို သူ့သူငယ်ချင်းတွေဆီ တကယ်ပဲ ပို့ပေးလိုက်သေးတယ်။
ချီးထက်ကို ရွံစရာကောင်းသွားပြီ”
“သူ့လိုလူတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့များ အဖေဖြစ်လာရတာလဲဟာ”
ဤဓာတ်ပုံကြောင့် သမီးအရင်းကို လိင်အားဖြင့် စော်ကားပါသည်ဟု လူတိုင်း ယူဆလာကြသည်ကို ကျောက်တရုန် မြင်လိုက်ရသည်တွင် သူ့ရဲ့မျက်နှာမှာ ဒေါသတို့ဖြင့် ရဲတွတ်လာတော့ချေပြီး ချက်ချင်းပင် အော်ပြောလိုက်ပါတော့၏။ “ဒါက ငါနဲ့ ငါ့ရဲ့ သမီးကြားမှာ ပုံမှန်နေ့တွေပဲကွ”
ကောင်းဖန် နှာခေါင်းရှုံ့လိုက်ပါ၏။
“ကျွတ်စ်၊ ဒီပုံက ပုံမှန်ပဲလို့ ခင်ဗျား ပြောနေတာလား။ ခင်ဗျားက သက်သေကြီး မြင်နေရဲ့သားနဲ့ ငြင်းဖို့ ကြိုးစားနေတာပဲ၊ ဟမ်။ ကောင်းပြီလေ၊ ခင်ဗျား ၀န်မခံလည်း ရတယ်။ ကျွန်တော့်မှာ မျက်မြင်သက်သေရှိသေးတယ်။ ဒီနေ့တော့ ဒီအယုတ်တမာကောင်ရဲ့ ကာလာအစစ်ကို ကျွန်တော် မဖြစ်မနေကို ဖော်ထုတ်ပြမယ်”
ကောင်းဖန်၏သြဇာပါသည့် အသံတို့ကြောင့် နေရာမှာရှိနေကြသည့် သူတွေသည် အဆင်သင့်ပြင်ထားကြတော့ပြီး ကောင်းဖန်၏နောက်လာ မည့်သက်သေအတွက် စောင့်မျှော်နေကြပါတော့၏။