Know Your Love

1.1K 53 10
                                    

   Èp — 1
| ––––— |

လက်ထဲက အိမ်လိပ်စာ ကဒ်ကို တချက်ငုံ့ကြည့်ပြီး
အုတ်နံရံ၌ ထွင်းထားသည့် အိမ်နံပါတ်နှင့်တိုက်ကြည့်လိုက်သည် ။ 10/8 { Mono }

သီချင်းရေးဆရာ လို့မပြောရဘူး ထူးထူးဆန်းဆန်း အိမ်နံပါတ်ဘေးမှာ Mono ဟု တပ်ထားသေးသည် ။

ကင်မ်ထယ်ယောင်း ၏ လက်တို့ လူခေါ်ဘဲလ် ဆီ ရောက်သွားစဉ် .....

#tingtong ....

1min ......
2min ......
-
-
-
-
5min .....

#Tingtong .....
-
-
-
-
10min ...

*clip *🚪

တံခါးဖွင့်သံနှင့်အတူ မြင်လိုက်တဲ့ စူပုတ်ပုတ်မျက်နှာ ...

" ဘယ်သူလဲ "

အညိုရောင်အနွေးထည်အထူကြီး နဲ့ အညိုရောင် အရုပ်ပုံတွေပါသည့် အဖြူရောင် pajama ဘောင်းဘီ တွဲဖက်ဝတ်ကာ စုတ်ဖွာနေသည့် ဆံပင်များနှင့် မျက်လုံးတောင် သေချာမပွင့်သေးဘဲ ထိုလူ၏ လေသံခပ်သြသြ က မပီမသ ထွက်ပေါ်လာသည် ။
ထယ်ယောင်း ခြေဆုံးခေါင်းဆုံးကြည့်ကာ  နှာခေါင်းတချက်ရှုံ့လိုက်ပြီး

" Annyonghaseyo .. Kim Taehyung Mitha .. ဟို .. Appa က လွှတ်လိုက်လို့ "

" ahh .. seokjin သားလေးလား ? လာလေ .. ဝင်ခဲ့ "

ထို Mono ဆိုသည့် လူကြီးနှင့် ကျနော် ပထမဆုံးစတွေ့ခဲ့စဉ်က နှင်းမကျပေသော်ငြား ရာသီဥတုသည် အလွန်အေးနေခဲ့ပါသည် ။

________________Mono_______________

" ကောင်လေး ရေ လာပါဦးဟ "

" ဘာတုန်းဗျာ စာလုပ်နေတာကို .. "

" ဟီးးး ရေနွေးလေး နည်းနည်းလောက် "

ထိုသို့သော အခြေအနေသည် ကျနော် ထိုလူကြီးအိမ်ရောက်ပြီး လေးလအကြာ အခြေအနေ ဖြစ်သည် ဆိုပါတော့ ....
ထိုလူကြီးသည် အတော်ကို သဘောကောင်းပါသည် ။
သူနဲ့ ပတ်သတ်သမျှ ဘယ်အရာကိုမှ တန်ဖိုးမထားတတ်အောင်ကိုပင် ထိုလူကြီးက သဘောကောင်းလွန်းသည် ။ ဟိုတရက်ကလည်း အိမ်ရှေ့၌ လာအိပ်ပျော်နေသော ရပ်ကွက်ထဲက အမူးသမားတစ်ယောက်ကို သနားလို့ဆိုပြီး စောင်တွေ ထုတ်ပေးလိုက်သေးသည် ။
ဒါတင်မကဘဲ No.1 အမဲသား ကိုပါ ချက်ကျွေးလိုက်သေးသည် ။ ထိုလူပြန်သွားတာတောင် သနားမပြတ်ဘဲ မျက်ရည်တွေ ဝဲနေလို့ သူ့မှာ ၁ နာရီလောက် တရားချလိုက်ရသေးသည် ။

မှတ်မိသေးတယ် ပြီးခဲ့တဲ့ နှစ်ရက်လောက်ကပဲ ...
သူ့မှာ ည ၁ နာရီထိုးတဲ့အထိ Ahjushi ပြန်မလာသေးလို့ စိတ်ပူပြီး ဇောဖြင့် ထွက်ရှာလိုက်ရတာ ရဲဘဲဖုန်းခေါ်ရမလို Daegu မှာ ကျန်ခဲ့တဲ့ App ကိုပဲ အကြောင်းပြေးကြားရမလိုနဲ့ နောက်ဆုံး တွေ့မဲ့တွေ့တော့ လမ်းထိပ်နားက ကစားကွင်းမှာ ဒါန်းစီးနေသတဲ့ ...
ဒေါသထွက်လွန်းလို့ ရိုက်သတ်လိုက်ချင်ပေမဲ့ မျက်ရည်လေးဝဲပြီး ငယ်ငယ်တုန်းက ဘဝကို သတိရလို့ Omma ကို လွမ်းတယ်ဆိုပြီး ထငိုလို့ မရမကချော့ပြီး အိမ်ကို ပြန်ခေါ်လာရသေးတယ် ။ အဲ့ကတည်းကစပြီး Ahjushi နောက်ခါသောက်ကြည့် ခင်ဗျားနဲ့ ကျနော် အတွေ့ပဲ ကျနော် Daegu ပြန်ပစ်မယ် ဆိုတော့ နောက်တစ်ခါမသောက်တော့ပါဘူးဆိုပြီး တောင်းပန်ရှာတယ် ။ Ahjushi က ပြောဖူးတယ် ကျနော် ရောက်လာတော့ သူ့မှာ ဆွေးမျိုးတစ်ယောက်ရလိုက်သလိုပဲတဲ့ ... အရမ်းအထီးကျန်နေခဲ့တာ မို့လို့ ကျေးဇူးတင်ပါတယ် ဆိုပြီး အစစ အရာရာ တာဝန်ယူပေးထားခဲ့တာလေ ...
ပြောတာပါလေ Ahjushi က တကယ်တော့ သနားဖို့ကောင်းတယ် ... သူ့သီချင်းတွေကလည်းအောင်မြင်တော့ တခါတခါ သီချင်းရေးရင် studio ခန်းထဲက ထွက်မလာရရှာဘူး တခွေလုံး အပြီးသတ်ရေး နေ့မအိပ် ညမအိပ် အဲ့လိုကြိုးစားတာ အဲ့လိုအချိန်ဆို Ahjushi က အရမ်း smart ကျတာ ...
ဦးထုပ်လေးဆောင်းပြီး ဆွယ်တာအကွက်လေးတွေဝတ် ..
ရေနွေးကြမ်းလေး ကော်ဖီးလေး ဘေးမှာထားပြီး ...
monitor ကို အာရုံစိုက်ကြည့် မှားနေရင် ခေါင်းလေးခါပြီး ပြန်ပြင်လိုက် ... သီချင်းလုပ်နေရင်း ဘေးနားစပ်စုနေတဲ့ ကျနော့်ကို တချက်တချက်ကြည့်လိုက် ပြန်လှည့်သွားလိုက် .. တခါတလေ ကျရင် ကျနော့်ကို အော်ထုတ်သေးတယ် .. ဒါပေမဲ့လေ Ahjushi is super cool .
ခင်ဗျားတို့ကို မြင်ဖူးစေချင်တယ် အရမ်းအရမ်းး smart ကျတာ
အဲ့အချိန်ပါပဲ အဲ့အချိန်လေးပဲ smart ကျတာ ...
ကျန်တဲ့အချိန်တွေမှာ ဆိုရင်တော့ ......

#ခွမ်း !!!!!

!!!!!!!!!!!!!!!!!!!!!!!!

" NAMJOON ... AHJUSHI !!!!! "

" ဟီးး လှလို့ ကိုင်ကြည့်တာ "

ခေါင်းလေးကုတ် သွားလေးဖြဲပြနေတဲ့ Ahjushi ရဲ့ ခြေဖဝါးနားမှာ တစစီဖြစ်နေရှာတဲ့ ကျနော် ကင်မ်ထယ်ယောင်းရဲ့ ပထမဆု ကိုကြိုးစားပမ်းစား ယူထားရတယ်ဆိုတဲ့ အမှတ်တရ trophy 🏆 လေး .......

___________MoNo________________
TBC ~~

အမြည်းကြွေးတဲ့ သဘောပါ ..
< p.s - ကြိုက်ကြိုက် မကြိုက်ကြိုက် စားရမယ် ဒါပဲ 💜 >

Know your Love Où les histoires vivent. Découvrez maintenant