ညီအစ်ကိုချစ်သူ ၅၃

Comenzar desde el principio
                                    

နေ့ခင်းထမင်းစားချိန်ရောက်တော့ ကျွန်တော်တို့ ထမင်းသွားတော့ သူ ကျွန်တော့်ကို လှမ်းတောင်မကြည့်တော့ပေ။ စားစရာတွေ မှာပီး စားလိုက်ကြသည်။ စားပီးတော့ သူက fang ဘက်ကို လှည့်ပီး

''ငါအရင်သွားပီ''

fang က
''ငါလည်းလိုက်မယ် နင်တို့မလိုက်သေးဘူးမလား သွားပီ''

သူက ပြောပီး ကျွန်တော်တို့ရဲ့ ပြန်စကားကိုတောင် မစောင့်ပဲ  ထထွက်သွားကြသည်။ ကျွန်တော်တို့လည်း သူတို့နှစ်ယောက်ကို လိုက်ကြည့်နေရင်း yarch က

''ဘာဖြစ်တာလဲကွ မနက်ထဲက သူ မျက်နှာမကောင်းတာ''

ဒါကို off က

''sing နဲ့ ပြဿနာဖြစ်တာတဲ့''

''ဟုတ်လား sing ဘာဖြစ်တာလဲ''

off စကားကြောင့် သူက ကျွန်တော့်ဘက်လှည့်မေးတော့ ကျွန်တော်က သူ့ကို ပြောခဲ့တာတွေကို ပြောပြလိုက်သည်။ ဒါနဲ့ prem က

''ဟာ မင်းကလည်းကွာ ငါ့ သူငယ်ချင်းသနားပါတယ် ဒါပေမဲ့ မင်းက သူ့ကို ချစ်သူဆိုတဲ့ အမည်ခံပဲရှိတာ မင်းက သူငယ်ချင်းလိုပဲ နေတာပါ''

off က
''အေ့လေ''

ကျွန်တော်က
''အဲဒါကြောင့် ငါလည်း သူ့ကို အားနာတာပေါ့ သူ့ကို ချစ်သူဆိုတဲ့ ခံစားချက်ကို မပေးနိုင်ခဲ့ဘူးလေ ဒါကြောင့် ငါထက်ကောင်းတဲ့သူနဲ့ တွေ့နိုင်အောင် ငါကလွှတ်ပေးလိုက်တာပါ''

off က

''နေပါဦး မင်းမှာ နောက်တစ်ယောက်တွေ့နေပီလား''

''ဟင်''

သူ့အမေးကြောင့် ကျွန်တော် ကြောင်သွားတော့ သူက

''ဟုတ်တယ်မလား''

''...''

ကျွန်တော် မဖြေပဲနေလိုက်သည်။ ကျွန်တော် အမှန်တိုင်းဖြေလိုက်ရင် kit ကို ထိခိုက်နေမှာလည်း စိုးမိသည်။ ဒါကြောင့် ကျွန်တော် မဖြေတော့ prem က

''ဟ သေသွားပီလား မေးနေတာကို ဖြေပါဦးဟ''

''မဟုတ်ပါဘူး ငါ အတွေးလွန်သွားလို့''

yarch က
''အေးပါ နောက်မှ ဆက်ပြောကြတာပေါ့ အခုတော့ အတန်းတက်ရဦးမယ် လာ လာ''

ညီအစ်​ကို ချစ်​သူ (completed)Donde viven las historias. Descúbrelo ahora