Prologue

28.6K 971 8
                                    

အမြဲလိုလို မိုး​တွေ​စွေရွာ​သော ဒီနယ်​​မြေ။ ​အေးချမ်းတာကလွန်​လို့ စိမ့်​တက်​​နေ​အောင်​ ချမ်းလှသည်​။ သူလည်းဘယ်​ဘဝက​ရေစက်​ရယ်​​ကြောင့်​ ဒီနယ်​​မြေဆီ​ရောက်​​နေရသည်​မသိ။

" အုပ်​ကြီး​ရေ ဗျို့ အုပ်​ကြီး "

" ​ဝေ ဘာတုန်းဟ ကုလား​လေးရ "

" ဖုန်းလာ​နေတယ်​ဗျို့ "

" ဘယ်​ကတုန်း ဦးစီး​မေးရင်​ မရှိဘူး ​ပြောလိုက်​ကွာ "

" ဦးစီး မဟုတ်​ဘူးဗျ ပခုက္ကူကတဲ့ "

" ​အေး လာပြီကွာ "

ပခုက္ကူက ဘယ်​သူပါလိမ့်​။ လုပ်​လက်​စ စာရင်း​တွေ ပစ်​ချပြီး နှစ်​ထပ်​ပျဉ်​​ထောင်​​လေးက​နေ ​ပြေးဆင်းကာ မိုး​ရေထဲက​နေပဲ ခပ်​လှမ်းလှမ်းက ဖုန်းထားတဲ့ ရှင်းလင်း​ဆောင်​ထဲ ​ပြေးလိုက်​သည်​။

ပြော​တော့သာ ရှင်းလင်း​ဆောင်​။ ဒါကြီးက ဇရပ်​သာသာ​လေးဆိုတာ မြင်​တာနဲ့အသိသာကြီးရယ်​။

ကမ်းရိုးတန်းဖုန်း​​လေး​ဘေးချထားတဲ့ ဖုန်းခွက်​​ကို​ကောက်​ယူရင်း စိုသွားတဲ့ ဆံပင်​ကို လက်​နဲ့ခါချမိသည်​။

" ဟယ်​လို အမိန့်​ရှိပါခင်​ဗျာ "

" အုပ်​စိုး လား "

" မင်း ဘယ်​သူ.... "

" ငါပါ အံ့ဘုန်း "

" ဟာ အံဘုန်း မင်းကွာ ငါက ပခုက္ကူက ဆိုလို့ ဘယ်​သူများလဲလို့ ဘယ်​ကရတာလည်းကွ ဒီဖုန်းနံပါတ်​ "

" အရင်​ရုံးက​နေ ​လှမ်း​မေးကြည့်​တာ "

" ​သြော်​ ​အေးပါကွာ ဘာတုန်း​ယောက်​ဖ ​ပြော "

" ငါ မင်းဆီလာမလို့ အဲ့ဒါ မင်း မန်း​လေး ဆင်းလာခဲ့ "

" ​ဟေ ငါ့ဆီလာမလို့..... ​ယောက်​ဖ မင်း​နော်​ ငါမြို့ကြီးပြကြီးမှာ တာဝန်​ကျတုန်းက လာပါဆို​တော့မလာဘူး၊ ဒီပုစိ​ညောင့်​​တောက်​ ​နေရာကျမှ လာချင်​ရတယ်​လို့ "

" ဘာလဲ မလာရဘူးလား "

" မဟုတ်​ရပါဘူးကွာ လာပါ​လေ့ ဘယ်​​နေ့တက်​လာမလဲ "

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now