ညီအစ်ကိုချစ်သူ ၄၅

Start from the beginning
                                    

''ဟင်း ဟင်း''

''မင်းမွေးနေ့ရောက်တော့လည်း sing လေးလည်း လိုချင်မှာပဲလေဆိုပီး သူ့အတွက်ပါ ထည့်ဝယ်ရပြန်ရောလေ အဲဒါနဲ့ အကျင့်တစ်ခုလိုဖြစ်သွားတာပေါ့''

''ဟင်း ဟင်း ''

''par ဟိုဘက်အိမ်သွားကြည့်လိုက်ဦးမယ်''

''ဟုတ်''

ကျွန်တော်က par ပြောတာကို ရယ်နေလိုက်သည်။ par က p' တို့ဘက်သွားမယ်ဆိုပီး ထွက်သွားသည်။ ကျွန်တော်လည်း ခုံမှာဆက်ထိုင်နေရင်း par ပြောတာကို ပြန်စဉ်းစားပီး

'ဟုတ်တယ်လေ ကျွန်တော့်ကြောင့်ပါ... အမှန်တော့ ကျွန်တော့်ကြောင့်မဟုတ်ဘူး အဲဒါ p' ကြောင့် ဘာလို့လဲဆိုတော့ p' နဲ့ ပစ္စည်းအတူတူသုံးချင်လို့ ပူဆာရင်း အဲလိုဖြစ်သွားတာလေ လူကြီးတွေက ကျွန်တော် ဂျစ်ကျလို့ပဲ ထင်နေတာပေါ့ အဲဒါ ကျွန်တော့်ကြောင့်မဟုတ်ဘူးဗျ p' ကြောင့် သိလား p' ကျွန်တော့်အပေါ်ကို စိုးမိုးနေတဲ့ p' ကြောင့်ဖြစ်နေရတာဗျ'

ကျွန်တော်လည်း စိတ်ထဲက ရေရွတ်နေ လိုက်သည်။ ပီးတော့ ကျွန်တော်က အင်္ကျီကို လှမ်းယူပီး အပေါ်တက်လာခဲ့လိုက်သည်။ အပေါ်ရောက်တော့ ကိုယ်က အင်္ကျီကိုချွတ်ပီး mom ပေးတဲ့ အင်္ကျီကို ဝတ်လိုက်သည်။ ပီးတော့ မှန်ကို ကြည့်ပီး သဘောကျနေမိသည်။ ပီးတော့ ကျွန်တော် အခန်းထဲမှာ သူ့ကိုပေးမဲ့ ဖုန်းလေးကို ပြန်ထုတ်ကြည့်နေလိုက်သည်။

sing//
ကျွန်တော် ရေချိုးခန်းထဲက ထွက်လာပီး ရေသုတ်သန့်စင်လိုက်သည်။ ပီးတော့ mom တင်ပေးထားတဲ့ အင်္ကျီကို ဝတ်ပီး မှန်မှာ ကြည့်လိုက်သည်။ ကျွန်တော် ကြည့်ပီး သဘောကျလို့ ပြုံးနေမိသည်။ အခုလောက်ဆို mom လည်း သူ့ကို ပေးပီးလာက်ပီပေါ့လို့ တွေးနေလိုက်သည်။ အဲအချိန်မှာ mom က အထဲဝင်လာပီး

''အော် sing လေး နိုးနေပီလား kit လေးရော''

''ဟင် သူမရှိပါဘူး''

''အောင်း သူ့ကို သားကို နှိုးဖို့လွှတ်လိုက်တာလေ မနှိုးသွားဘူးလား''

''ဟင့်အင်း''

''အော် ဒါကြောင့်ကြာနေတာကို သားတို့ ဆင်းမလာသေးပါလားဆိုပီး လာခေါ်တာ''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now