ညီအစ်​ကိုချစ်​သူ ၂၈

Start from the beginning
                                    

''အေး အေး''

new တို့ ထွက်သွားတော့ p' က

''လာလေ ကားပေါ်တက်မယ်''

p' က ပြောပီး လှည့်သွားတော့ ကျွန်တော်က ရပ်နေလိုက်သည်။ ဒါကို p' က ပြန်လှည့်ကြည့်ပီး

''ဘာလို့လဲ''

''ကျွန်တော် အနောက်မှာ မထိုင်နိုင်​ဘူးနော်''

''ဟာ kit လေး ရစ်ပီကွာ''

''ဒါဆို မလိုက်ဘူး''

ကျွန်တော်က ပြောပီး ပြန်လှည့်လိုက်တော့ p' က

''အော အော မင်း သဘောပဲ''

သူက ပြောပီး ရှေ့က ထွက်သွားသည်။ ဒါနဲ့ ကျွန်တော်က နောက်ကလိုက်သွား​တော့ p' က

''nem အားနာပါတယ် အနောက်မှာ ထိုင်ပေးနော်''

''ဟင်​''

သူက p' စကားကြောင့် ကြောင်သွားပီး ကျွန်တော့်ကို လှမ်းကြည့်သည်။ ပီးတော့ သူက

"အင်း ရတယ်လေ''

သူက ဆင်းပီး အနောက်ကို သွားထိုင်တော့
ကျွန်တော် ရှေ့မှာ ဝင်ထိုင်လိုက်သည်။ ဒါနဲ့ p' က တံခါးပိတ်ပေးပီး ကားမောင်းတဲ့နေရာကိုသွားပီး  ကား​ပေါ်တက်​ကာ မောင်းထွက်လိုက်သည်။ ပီးတော့ ကျွန်တော်တို့ ကျောင်းရှေ့က ဆိုင်ရှေ့တွင် ကားပါကင်ထိုးလိုက်သည်။ ကျောင်းပြန်ချိန်ဆိုတော့ လူတွေက ပါးနေသည်။

ဒါနဲ့ p' က ကားရပ်ပေးတော့ ကျွန်တော်တို့ ဆင်းပီး ဆိုင်ထဲသို့ ဝင်လာခဲ့သည်။ ပီးတော့ ကျွန်​​တော်​က အရင်​ဝင်​ပီး ရှေ့ဆုံးက မှန်နံရံနဲ့ နီတဲ့ ခုံမှာဝင်ထိုင်လိုက်သည်။ အပြင်က လမ်းမကိုလည်း မြင်နေရသည်။ ဒါနဲ့ ဆိုင်ကကောင်မလေးလာတော့ p' က

''ဖက်ထုပ်ပဲ မှာမှာလား ဘာမှာဦးမလဲ မှာလေ''

''မသိဘူးလေ ဒီက ဘာကောင်းမှန်း သူ့မေးကြည့်ပါလား''

p'nem က ကျွန်တော့်ကိုလက်ညှိုးထိးုပီး ပြောတော့ ကျွန်တော်က

''ကောင်းပါတယ်​ အကုန်လုံးတော့ ကျွန်တော်က ဖက်ထုပ်ပိုကြိုက်လို့ ဖက်ထုပ်အမြဲစားတယ်''

ဒါနဲ့ jan က

''ဟယ် ကျွန်မနဲ့ အတူတူပဲ ကျွန်မလည်း ဖက်ထုပ်အမြဲစားနေတာ ဒါပေမဲ့ ဒီကဖက်ထုပ်ကောင်းတယ်ပြောတာ မစားဖူးဘူး''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now