အဲ့နေ့ကစပြီး..သူနဲ့မဆုံရတာ..
ဒီနေ့နဲ့ဆို...ငါးရက် တင်းတင်းပြည့်ခဲ့ပြီ...။မာနလေးတစ်ခုနဲ့တင်းခံခဲ့တော့...
သူစမခေါ်ရင် ကိုယ့်ဘက်ကလဲ အဆက်အသွယ်လုပ်စရာမလိုဘူးထုံးနှလုံးမူပြီး..
ခြံဝင်းတစ်ခုထဲ နေကာ...သူစိမ်းတွေလို ပြုမူနေထိုင်ခဲ့ရတာ
ကျွန်တော့်အတွက်ဘယ်လိုမှ အဆင်မပြေ...။ဒီရက်ပိုင်းထဲ သူ့အခန်းကျယ်ကြီးရှိရာ..အမြဲမော့ကြည့်ခဲ့ရတာတွေ...
ခြံထဲမှာတွေ့ရင်တောင်မှ သူက ကားပေါ်မှာပဲ ဆိုတော့...
ကျွန်တော့်ကိုမမြင်ပဲ ကျော်သွားခဲ့တာတွေ...ဘာလုပ်နေလဲ ..ဘယ်တွေသွားလဲ စသဖြင့်
စာလေးတစ်စောင်..ဖူန်းလေး တစ်call တောင်ရောက်မလာခဲ့တာတွေ...။ငါနဲ့သူနဲ့က ဘာတွေလဲ ဆိုတဲ့မေးခွန်းကို
အကြိမ်ကြိမ်မေးပြီး မျက်ရည်စက်လက်နဲ့ အားတင်းခဲ့ရတာတွေ..။စောစောက..ကိုကို့အခန်းထဲလာခဲ့ဆိုတဲ့ ထုံးစံအတိုင်း
message တစ်စောင်ကိုလက်ခံရရှိအပြီးမှာ....သူ့အကျင့်စရိုက်တွေ..လိုတစ်မျိုးမလိုတစ်မျိုးလုပ်တတ်တာတွေ...
ကျွန်တော်တို့ရန်ဖြစ်ထားတာတွေ..ဘာဆိုဘာမှ..တွေးမနေတော့ပဲ...လွမ်းဆွတ်ခြင်းပေါင်းမြောက်မြားစွာတွေနဲ့..
သူ့အခန်းရှိရာ ပြေးတက်လာခဲ့သည်...။
အခန်းတံခါးကိုဝုန်းဒိုင်းကြဲဖွင့်ချပြီးဝင်လာတဲ့ကျွန်တော့်ကို
အလုပ်စားပွဲမှာထိုင်နေရင်းနဲ့ တစ်ချက်ပြုံးပြလာခဲ့တဲ့သူက
ဒီအတောအတွင်း မှောင်မိုက်နေခဲ့တဲ့ကျွန်တော့်နေ့ရက်တွေထဲ နေရောင်ခြည်လေးဆောင်ကြဉ်းပေးခဲ့သလိုပင်..။ဟင့်အင်း..
ကျွန်တော်မသိချင်ဘူး...။သူကျွန်တော့်အပေါ် ဘယ်လောက်ပဲ ရက်စက်နေပါစေ
ဘယ်လောက်ပဲ ညှင်းပန်းနေပါစေ...
YOU ARE READING
Tyranny Ver.2 ( ဖိနှိပ်ညှင်းပန်းခြင်း ) ( Zawgyi + Unicode )
Fanfictionခင်ဗျားက ရက်စက်တတ်တယ်.. ဒါပေမယ့်... ခင်ဗျားရဲ့အချစ်တွေကို ခံစားလို့ရတာကြောင့်.. ခင်ဗျားကို အရမ်းချစ်တယ် ဒါပါပဲ... CV by asuna park ❤