ညီအစ်​ကိုချစ်​သူ ၂၁

Start from the beginning
                                    

sing//
ကျွန်တော်လည်း သူ့အခန်းထဲဝင်ပီး သူစာလုပ်နေတာကို ကြည့်နေလိုက်သည်။ ခဏနေတော့ ကျွန်တော့်ရဲ့ သိချင်စိတ်ကို တားမရနိုင်တာကြောင့် သူ့ကို oaujun nong နဲ့ ကိစ္စကို မေးလိုက်တော့ သူက ကျွန်တော့်ကို ပြန်မေးနေသည်။

ကျွန်တော့်ကို ပြန်မေးမယ်ဆိုတာကို ထင်မထားတာကြောင့် ကျွန်တော် ကြောင်သွားသည်။ ဘာပြောရမှန်း မသိတာကြောင့် မသိသလိုလုပ်ပီး ပြန်မေးလိုက်သည်။ ဒါကိုသူက စာအုပ်ကို ပြန်လှည့်ကြည့်ပီး ပါးစပ်လှုပ်ရုံပြောတော့ ကျွန်တော် ထပ်မေးလိုက်သည်။ အဲတော့မှ သူက အသံထွက်ပီး ပြောရင်း ခေါင်းခါပြသည်။ သူ ကျွန်တော့်ကို ပြန်မေးနေမှာ စိုးတာကြောင့်  ကျွန်တော်က

''မင်းသဘောကိုမေးနေတာ''

''အင်... ကျွန်တော့်သဘောက သူနဲ့ ကျွန်တော် အဆင်ပြေတယ်ဆိုရင် တွဲမှာပေါ့''

''အင်း''

''ဟိုက စနောက်နေတာကို p' က ဘာတွေလာမေးနေတာလဲ''

''မဟုတ်ပါဘူး သိချင်​ရုံပါ''

''အော်''

သူ့အဖြေကြောင့် ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။ 'အဆင်ပြေရင် တွဲမယ်ဆိုတော့ သူ့ပုံစံဆိုရင်တော့ အဆင်ပြေပါ့မလား ဒါပေမဲ့ သူတို့ မောင်နှမတွေက ဆက်ဆံရေးကောင်းပါတယ်ဖော်ရွေကြတယ် မင်းနဲ့ ဖြစ်ပါ့မလား

အော် ဒါပေမဲ့ မင်းက ငါ့ကိုပဲ ဂျစ်တိုက်ချင်နေတာမလား တခြားသူတွေဆို ဒီလိုမဟုတ်ပါဘူး မင်းသူငယ်ချင်းတွေနဲ့ ပေါင်းသင်းတာပဲ ကြည့်ပါလား အဆင်ပြေမှာပါ kit kit ရယ် ကိုယ်လည်း ရင်နာနာနဲ့ပဲ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်'

သူစာလုပ်နေတာကို ဘေးတိုက်မြင်နေရတော့ ကျွန်တော်လည်း လက်လေးပိုက်ပီး သူ့ကို သေချာကြည့်နေလိုက်သည်။

'မင်းလို ချစ်ဖို့ကောင်းတာကို သူက ကြိုက်မှာပါကွာ' လို့ စိတ်ထဲက ပြောလိုက်မိသည်။ ကျွန်တော် သူ့ကို ကြည့်နေတာကို သူက စာလုပ်နေရင်း ရုတ်တရက် ကျွန်တော့်ဘက်လှည့်ကြည့်တော့ ကျွန်တော် ကြည့်နေတာကို သူသိသွားလို့ လန့်ပီး မျက်လုံးချက်ချင်းလွှဲလိုက်သည်။ ပီးတော့ ရင်လည်း ခုန်သွားမိသည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now