ညီအစ်​ကိုချစ်​သူ ၂၀

Start from the beginning
                                    

'ငါ့ အတ္တများ ကြီးနေတာလား ဟိုဘက်ကိုလည်း မလွှတ်ချင် ဒီဘက်ကိုလည် သူများနောက်ပါမှာ ကြောက်နေတာ ငါတော်တော် မလွယ်ပါလားနော် ဘာလုပ်ရမှန်းကို မသိတော့ဘူး kit လေးရာ'

ကျွန်တော် တွေးရင်း ရေချိုးနေလိုက်သည်။ ပီးတော့ ကျွန်တော်လည်း ရေချိုးခန်းထဲက ထွက်လာပီး ရေသုတ် သန့်စင်ကာ အဝတ်စားဝတ်လိုက်သည်။ ပီးတော့ အောက်ပြန်ဆင်းပီး mom ပြင်ပေးသောထမင်းကို ဆင်းစားလိုက်သည်။ ကျွန်တော် စားနေတုံး mom က ရေခွက်ကို ခုံပေါ်တင်လိုက်ပီး

''သား sing လေး''

ကျွန်တော်က မော့ကြည့်လိုက်တော့ mom က

''ဘာဖြစ်နေတာလဲ''

''ဟင် ဘာမှမဖြစ်ပါဘူး''

''အော် နေမကောင်းလို့လား မျက်နှာက မလန်းလို့''

''ဘာမှမဟုတ်ပါဘူး''

ကျွန်တော်လည်း ထမင်းကို စားနေလိုက်သည်။ mom က သေချာကြည့်ပီး အိမ်ရှေ့ကို ထွက်သွားသည်။ ဒါနဲ့ ကျွန်တော်လည်း ထမင်းစားပီး ပန်းကန်တွေကို ဆေးကြောလိုက်သည်။ ပီးတော့ ပြန်သိမ်းပီး အပေါ်တက်လာခဲ့သည်။ အခန်းထဲဝင်ပီး စာထိုင်လုပ်နေလိုက်သည်။

kit//
ကျွန်တော် mom တို့ စကားပြောတာကို နားထောင်နေရင်း အပေါ်တက်လာပီး ရေချိုးလိုက်သည်။ ခဏနေရေချိုးပီးတော့ အောက်မဆင်းပဲ အပေါ်မှာ စာထိုင်လုပ်နေတော့ mom mom က အခန်းထဲဝင်လာပီး

''kit လေး ထမင်းစားမယ်လေ mom စောင့်နေတယ်''

''ဟုတ်''

ကျွန်တော်လည်း စာအုပ်ကို ပိတ်လိုက်ပီး mom mom နဲ့ အတူ အောက်သို့ ဆင်းလာခဲ့သည်။ ပီးတော့ အနောက်ခန်းထဲဝင်လိုက်တော့ mom က အိုးထဲကနေ ပန်းကန်းထဲကို ဟင်းခပ်ထည့်နေသည်။ ဒါနဲ့ ကျွန်တော်တို့ သားအမိဝင်ထိုင်တော့ mom ပါ ဝင်ထိုင်ပီး စားလိုက်ကြသည်။ ပီးတော့ ကျွန်တော် စားပီးတော့

''သား စာသွားလုပ်လိုက်ဦးမယ်''

mom က
''အေး အေး''

mom mom က
''အေး သွားလေ kit လေး''

''ဟုတ်''

ကျွန်တော်လည်း အပေါ်တက်လာခဲ့သည်။ အပေါ်ရောက်တော့ စာထိုင်လုပ်နေလိုက်သည်။ စာက နှစ်ရက်စာ လေ့လာရတော့ နည်းနည်းများနေသည်။ ဒါနဲ့ စာထိုင်လုပ်နေလိုက်သည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now