အပိုင်း(၁၇)
Start from the beginning
>>>>>>>>>>>>>>>>>>>>
အိပ်မက်လား....၊ တကယ်လား.....လို့ ပြန်မေးနေမိတဲ့အထိ ပျော်နေခဲ့တယ်ဆိုရင် ပိုတာပဲဖြစ်မှာပါ...။ ချက်ချင်းပြန်ရုန်းသွားနိုင်တဲ့ လက်တစ်ဖက်ကို ဖွဖွကလေးသာ ကိုင်ထားမိပေမယ့် သေးငယ်တဲ့ နွေးထွေးမှုလေး တစ်ခုကိုတော့ ကျွန်တော်ခံစားမိနေဆဲပါပဲ....။
သူကျွန်တော့လက်ကို ပြန်ကိုင်မထားပေမယ့် ရုန်းလည်းမရုန်းခဲ့ဘူး...။ ဒီအခြေအနေလေးဟာ တကယ်ကို အပျော်ရွှင်ရဆုံးဖြစ်ခဲ့တယ်...။
ဘာဖြစ်လို့လဲဆို သူ ကျွန်တော့အချစ်ကို လက်မခံဘူးဆိုရင်တောင် ငြင်းဆန်မှာမဟုတ်ဘူးဆိုတာကို ကျွန်တော်သိလိုက်ရလို့ပါ....။
ဘယ်လောက်တန်ဖိုးကြီးတဲ့ အစားအသောက်ပဲဖြစ်ဖြစ် သူ့သတ်မှတ်ရက် ကုန်ဆုံးရင်တော့ အမှိုက်ပုံးထဲ ရောက်သွားမှာပါပဲ....။
ဒီလိုမျိုးပဲ ကျွန်တော့ပျော်ရွှင်မှု လေးဟာလည်း ဓာတ်လှေကားတံခါးပွင့်လာတဲ့အချိန်မှာ လေထဲပျောက်ကွယ်သွားခဲ့ပါတယ်.....။ ကျွန်တော့ပျော်ရွှင်မှု သတ်မှတ်ချိန်ဟာ မြန်ဆန်လွန်းလိုက်တာလို့ ထင်ခဲ့မိခြင်းက ကျွန်တော့အမှား မဟုတ်လောက်ဘူး....။
သူ ကျွန်တော့လက်ထဲကရုန်းသွားခဲ့တယ်....။ အဖြစ်အပျက်တစ်ခုအတွက် အကြောင်းအရင်းဆိုတာ ရှိစမြဲပါ...။ အခုလည်း သူ့ရှေ့မှာ ကျွန်တော့ဖြစ်တည်မှုတွေ မှေးမှိန်ရခြင်း အကြောင်းအရင်းကတော့ ထုံးစံအတိုင်းကို ရည်မွန်ဖြစ်နေပြန်ပြီ....။
ရည်မွန်က ခင်မင်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ....။
ဒါပေမယ့် သိပ်မကြာခင် သူမကို ကျွန်တော်မုန်းမိတော့မယ်ထင်တယ်....။
"ကိုနန္ဒ..."
ကူးလေးကိုတွေ့တော့ သူမမျက်လုံးတွေ ဝင်းလက်သွားသလို ကျွန်တော့ဘေးက လူပုဂ္ဂိုလ်ရဲ့မျက်နှာဟာလည်း သိသိသာသာကို အရောင်တောက်နေခဲ့သည်။ အစ်ကို့မျက်နှာ ခပ်ပြုံးပြုံးကိုမြင်ပြီး အားမလို၊အားမရဖြစ်ခဲ့သူက ကျွန်တော်ပါပဲ....။
သူဘယ်လိုမှမနေဘူးလား....။ ကျွန်တော့ရင်ထဲ နွေလေပူတွေ တိုက်ခတ်နေသလောက် သူ့ရင်ထဲတော့ ဆောင်းလေအေးနဲ့အတူ နေလို့ထိုင်လို့ ကောင်းနေခဲ့ပုံ....။