ညီအစ်​ကိုချစ်​သူ ၁၇

Start from the beginning
                                    

''အတန်းထဲ သွားတော့မယ်လေ''

''နင် စားဦးလေ''

''တော်ပီ''

ကျွန်တော်လည်း ပြောပီး လွယ်အိတ်ကောက်ယူလိုက်သည်။ ပီးတော့ ဆိုင်ကကောင်လေးကို လက်ပြပီး ပိုက်ဆံရှင်းကာထွက်လာ ခဲ့သည်။ ပီးတော့ သူက ဘေးကလိုက်လာရင်း ကျွန်တော့်လက်ကို လှမ်းဆွဲလိုက်တော့ ကျွန်တော်က လှည့်ပြုံးပြပီး ဆက်လျှောက်လာခဲ့သည်။

'တောင်းပါတယ် nem နင့်အပေါ် ခံစားချက်မရှိပဲနဲ့ တွဲနေလို့ ပီးတော့ နင့်ကို cover သဘောမျိုးထားမိတဲ့အတွက်လည်း စိတ်မကောင်းပါဘူး ငါနဲ့ kit ရဲ့ ခံစားချက်တွေကို ထင်ထင်ပေါ်ပေါ် မချစ်ရဲတာကြောင့် ဖုံးကွယ်ချင်တာနဲ့ နင့်ရဲ့ အချစ်တွေကို အလွဲသုံးစားလုပ်မိတာကို ခွင့်လွှတ်ပေးပါနော် ချစ်သူတစ်ယောက်လုံး ဘေးမှာ ရှိနေတာကို တခြားသူ အကြောင်းကို တွေးနေခဲ့မိတယ်'

ကျွန်တော်တို့ ကားနားကို တွဲပီး လျှောက်လာရင်း သူ့ကို စိတ်ထဲကနေ တောင်းပန်နေမိသည်။ ပီးတော့ ကားပေါ်တက်ပီး ကျွန်တော်တို့ ကျောင်းဆောင်ဘက်ကို မောင်းလာခဲ့သည်။

ခဏနေ ကျောင်းဆောင်ရောက်တော့ အရှေ့လမ်းမှာ ဘေးချရပ်လိုက်ပီး ကားပေါ်က ဆင်းကာ အတန်းထဲသို့ ဝင်လာခဲ့သည်။ အတန်းထဲရောက်တော့ off တို့က ရောက်နေသည်။ ကျွန်တော်တို့ ခုံမှာဝင်ထိုင်တော့ yarch က ကျွန်တော့်ကို အနောက်ကနေကျော ကို လှမ်းပုတ်ပီး

''မင်းတို့ ဘာလို့ နောက်ကျနေတာလဲ ငါတို့က မင်း ဒီနေ့လည်း မလာဘူး ထင်နေတာ''

''မဟုတ်ပါဘူး ငါ ဗိုက်ဆာလို့ ကန်တင်းဝင်နေတာ''

''အော''

off က ဘေးခုံကနေ

''အော မင်းတို့က နှစ်ယောက်တည်း သွားစားကြတယ်ပေါ့''

''ဟုတ်တယ်ကွာ''

nem က ရှေ့ခုံကနေ လှည့်ပီး

''ဘာဖြစ်လဲ မနာလိုမဖြစ်ပါနဲ့''

''အေးပါ အေးပါ''

''ဟင်း ဟင်း''

off က မျက်နှာမဲ့ပီး ပြောတော့ ကျွန်တော်တို့ ရယ်လိုက်ကြသည်။ ပီးတော့ ဆရာမလာလို့ စာသင်လိုက်ကြသည်။

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now