11:11

163 9 1
                                    

အဟင်း....
Zoeyကပို့ပေးဆိုတာထက် ကျွန်တော်ကပို့ပေးချင်လို့ပေးလိုက်ပြီနော်...

FMကိုအစထဲက ကျွန်တော်တွေ့တယ် ဖတ်တယ်
...ဒါပေမဲ့ ဒီလိုရေးပို့ပေးရမှာကြောက်နေခဲ့တာ..
အခုတော့ zoeyနဲ့ခင်သွားပြီဆိုတော့ ကြောက်တော့ဘူး><

ကျွန်တော်နဲ့ ဝီဝီ(နာမည်သစ် ဟဲဟဲXD)ခင်တာတစ်လလောက်ပဲရှိဦးမယ်နော်..ကိုယ့်ဘက်ကစကားစမပြောချင်တဲ့ ဝီဝီရဲ့အကျင့်လေးကြောင့် ကျွန်တော်ကဘဲစတင်ပြောခဲ့ရတာ..ဒီလိုပြောနိုင်အောင်တော်တော် ကြိုးစားလိုက်ရတာ..

လိုင်းတက်ခနဆိုတဲ့ ဝီဝီ့ကိုကျွန်တော်က နားလည်ပေးပါတယ်..
ကျွန်တော်လေ ဝီဝီရဲ့ဘေဘီလေးတွေကိုဖတ်ပြီး တော်တော်သဘောကျခဲ့တာ..
Wattpadစသုံးသုံးချင်းက အကုန်လုံးဖတ်ဖြစ်တယ်..သဘောကျတဲ့ သာသာတွေလည်းရှိခဲ့တယ်
ဒါပေမဲ့..သူများနဲ့မတူတဲ့အရေးသားတွေ၊ စကားလုံးတစ်လုံးကအစလေးနက်တဲ့အရေးသားတွေ၊ ပြီးတော့..အပိုင်းတွေတိုင်းမှာ ကဗျာလေးတွေထည့်တက်တဲ့ ဝီလေးကိုကျွန်တော်ဦးနှောက်ထဲစွဲနေအောင်မှတ်မိနေခဲ့တယ်..

Ficတွေကို Cover နဲ့ Titleပဲကြည့်ပြီး ဖတ်တက်တဲ့ကျွန်တော့်အကျင့်က ဝီလေးficတွေကျမှ မရွေးဘဲဖတ်ခဲ့တယ်..
ဝီလေးကြောင့် ကလေးနှစ်ယောက်ကိုပို့ယုံကြည်လာတယ်လို့ ကျွန်တော်ပြောဖူးတယ်နော်..

စာရေးရတာသဘောကျပေမဲ့ ရေးဖို့အားမရှိတဲ့ကျွန်တော့်တွက် ဝီလေးကစံပြကောင်းတစ်ယောက်ပဲ(ချီးမွမ်းခန်းတွေကြောင့် သဘောတော်တွေကျနေပြီထင်တယ်><)
ကျွန်တော်ကစာစီစာကုံးတွေမုန်းတယ်လို့ပြောတုန်းက ဝီလေးရဲ့ပြတ်သားတယ်နော်ဆိုတာလေး တကယ်သဘောကျတယ်ရယ်..တကယ်ကို သဘောကျတာ..ကျွန်တော်က ကျွန်တော့်ကိုပြတ်သားတယ်လို့မြင်ရင်ကိုပျော်နေမိတာ..

ဝီလေးကျွန်တော့်ကို "လင်းလက်"လို့ခေါ်ရင်ကောင်းမယ်..
အ့လိုလေးခေါ်ပေးပါလား..တောင်းဆိုတာပါနော်
ကျွန်တော်ကတော့ ဝီလေးလို့ခေါ်မယ်လေ..အ့လိုခေါ်ရင်စိတ်ဆိုးမှာလားဟင်?
အ့တာက သက်သောင့်သက်သာဖြစ်စေမယ်ထင်လို့ပါ..

ကျွန်တော်ကလေ အမရင်းတစ်ယောက်လိုချင်ခဲ့တာ..ဝီလေးကကျွန်တော့်ရဲ့ အမတစ်ယောက်လိုမျိုးကျွန်တော်ခံစားမိတယ်..

You've reached the end of published parts.

⏰ Last updated: Sep 28, 2019 ⏰

Add this story to your Library to get notified about new parts!

For Me From My heartsWhere stories live. Discover now