Little Star

93 10 4
                                    

Dear…

တစ်ခါတစ်လေကျရင် ကိုယ့်မောင်နှမသားချင်းအကြီးနဲ့
တူတယ်။ တစ်ခါတရံကျ ရွယ်တူသက်တူ သူငယ်ချင်း
နဲ့ တူတယ်။
အဲ့လိုနဲ့ တစ်ခါကျ ကိုယ့်ထက်အငယ် ကလေးနဲ့တူပြန်
တယ်။ စဉ်းစားရခက်နေတာတွေကို ကူညီပြီး ဖြေရှင်း
ပေးတတ်တယ်…အကြံဉာဏ်တွေပေးတတ်တယ်…
စိတ်ထွက်ပေါက်ကိုလည်း လမ်းပြတယ်။
အဲ့အချိန်ကျ ယန်းက ကြယ့်အတွက် တကယ့်အသက်
ကြီးတဲ့ပုဂ္ဂိုလ်ပဲ…

ဒီအတိုင်း လွတ်လွတ်လပ်လပ်စကားပြောတဲ့အချိန်ကျ
ရင် ယန်းကို လူကြီးဆိုတာထက် ယန်းလို့ပဲမြင်နေမိ
တယ်….
စကားပြောရတာ သက်တောင့်သက်သာရှိတယ်.
စိတ်ညစ်စရာ ရှုပ်ထွေးမှုတွေရှိရင်တော့ လျော့သွား
တယ်။ ယန်းက ကြယ့်အတွက် တခါတလေကျ ကြိုး
ဖြည်ပေးတဲ့လူ…ရှုပ်နေတဲ့ကြိုးထုံးကို ဖြည်ပေးနိုင်တဲ့
သူပေါ့။ အချိန်တွေအကြာကြီး အကြာကြီးအထိ ခင်မင်
သွားချင်တယ်။

ရင်းနှီးမှုတွေထပ်တိုးမလာခဲ့ရင်တောင်မှ အခုလက်ရှိ
ရောက်နေတဲ့နေရာမှာတင် တသမတ်တည်း အကြာ
ကြီး… … အသက်တွေကြီးပြီး ရင့်ကျက်လာတဲ့အချိန်
အထိ ဖြစ်တည်စေချင်တယ်….
ယန်းကိုတော့ မပြောပါဘူးနော်…ရင့်ကျက်ပြီး တူးလွန်း
နေတဲ့လူကြီးကိုး…

ဒါပေမယ့် ချွင်းချက်အနေနဲ့က တခါတလေ ယန်း
ကြယ့်ကို ကိုက်ချင်စရာကောင်းအောင်တွေ လုပ်တတ်တဲ့အချိန်တွေရှိတယ်လေ။
အဲ့တာက တကယ့်ကလေးလိုပဲ… (အခု မျက်နှာရှုံ့နေ
ပြီမလား)
တကယ်က အသက်အရွယ်ဆိုတာ ကိန်းဂဏန်းပဲ
သိလား?
ယန်းမှမပြောရင် မသိတာမို့ ခဏခဏလူကြီးလုပ်နဲ့…

အခုက အရေးကြီးတာက ဒီနေ့က ယန်းမွေးနေ့ပဲ
(Dec22လို့တွက်လိုက်)
မွေးနေ့ဆိုတာက remainderပဲကိုး
ဟေး… မင်း အသက်တနှစ်ရှေ့တိုးသွားပြီဆိုပြီး…

လူရယ်လို့ဖြစ်လာတော့ အခက်အခဲ… ပိတ်ထားတဲ့
လမ်းတွေ ခဏခဏကြုံတတ်တာပေါ့…အဲ့တာကြောင့်
မွေးနေ့ကစပြီး ပျော်ရွှင်နိုင်ပါစေဆိုတာထပ် ကျော်လွှား
ဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းပေးမယ်။

ဆန္ဒတွေရှိတယ်မလား..
အဲ့ဆန္ဒတွေနဲ့ဘဝက မတူညီခဲ့ရင်တောင် အနီးစပ်ဆုံး
ယန်း ကြိုးစားနိုင်ပါစေ ဆုတောင်းပေးမယ်။
ကျန်းကျန်းမာမာရှိနိုင်ဖို့က ကြယ့်ဆုတောင်းထက် ယန်းက အစားကိုသေချာစားပြီး အနေအထိုင်ဆင်ခြင်
ရင်ရပြီ။

နောက်ဆုံးက ချစ်ရတဲ့သူက ကိုယ့်ကိုပြန်လှည့်မကြည့်
နိုင်…(ဥပမာ မသိတာမျိုးကိုပြောတာ)
ဖြစ်လာခဲ့ရင်တောင် သူ့ကိုဆက်ချစ်ပေးနေလိုက်ပါ။
ယန်းပြောသလို ချစ်ခြင်းတရားက လှပတယ်မလား။
သူ တစ်နေ့တော့သိလာမှာပဲလေ… စွမ်းအားက
ကြီးမားတယ်လေ။

မသိဘူးဆိုရင်လည်း စိတ်မပျက်နဲ့… လူပျိုကြီးပဲ
လုပ်လိုက်တော့ ><

ပြောချင်တာအကုန်မဟုတ်ပေမယ့် ပြောသင့်သလောက်
ကုန်ပြီဆိုတော့ ဒီလောက်ပဲ…
             ယန်းကို ချစ်ခင်ရင်းနှီးလေးစားလျက်ရှိသော
                                       ကြယ်သေးသေးလေး

------------------------------------------------------

Yen fic မရေးခင်ကတည်းက ကြယ်က ကိုယ့်ကို
ယန်းလို့ခေါ်ခဲ့တာထင်တယ်နော်။
အဲ့ဒါမို့ Yenဆိုတဲ့ nicknameကို ထည့်သုံးမယ်
ဆိုတော့ ကြယ့်ကို ကိုယ်လှမ်းခွင့်တောင်းမိလိုက်သေး
တယ်။
ဒါပေါ့ဒါပေါ့… အသက်တွေကြီးတဲ့အထိ ဆက်ခင်မင်
သွားမှာပေါ့…။ "အစားကို ကုန်အောင်စား…စကားကို
ကုန်အောင်မပြောနဲ့" လို့ ကြယ့်ကို ကိုယ်ပြောခဲ့ဖူးတာ
ရှိနေသေးတာကို။ စောင့်ကြည့်ရမယ်လေ… … …။

ဒါနဲ့လေ… မသိလို့မေးတာ…
ကိုက်ချင်တာကလေ ကြယ့်ဟာကြယ် အသားလွတ်
လည်းကိုက်ချင်နေတာမဟုတ်ဘူးလား…။
သွားယားနေပြီးတော့လေ…။
တစ်ခါတစ်ခါ ဖောက်ဖောက်လာပြီးပြောနေရင်း
"ကိုက်ချင်လာပြီနော်" ဆိုတာက ကိုယ့်ဘက်က
ကိုက်ချင်အောင်လုပ်တာမဟုတ်ဘူးထင်တာပဲ။
သွားယားသူအပြစ်ပါပဲ XD

Ommm… မွေးနေ့ဆုတောင်းလေးအတွက်
တကယ့်ကိုကျေးဇူးတင်ပါတယ် ကြယ်ပေါက်ရေ…
ကိုယ်တကယ်လိုအပ်နေတဲ့ဆုတောင်းမို့…။
ကြယ့်ဆုတောင်း တဝကြီးပြည့်သွားပါစေလည်း မျှော်လင့်တယ်။

နောက်ဆုံး… ချစ်ခြင်းနဲ့ပတ်သက်တဲ့ဆုတောင်း…
ogayy… crushရမယ့်သူရှိလာတာနဲ့ ကြယ်ပြော
တဲ့အတိုင်း လုပ်မှာမို့ အဲ့အခါကျ ဂုဏ်ထူးဆောင်ဘွဲ့
ပေးဖို့သာပြင်ထားပါ။

P.S တစ်ခါတစ်ခါကျ သိပ်မခံစားသင့်တာတွေကို
ခံစားမနေနဲ့ ကြယ်ပေါက်…Okiee?

For Me From My heartsWhere stories live. Discover now