Unknown-2

112 13 0
                                    

အာ...တခါမှတခြားလူကိုဒီလိုမပြောဖူးဘူးရယ်

Zoeyကိုစသိခဲ့တာ Little P.Kလေးနဲ့စသိခဲ့တာ တကယ်ပါ
အဲတုန်းက စိတ်ညစ်တိုင်းLittle P.Kကိုအမြဲဖတ်ဖြစ်ခဲ့တာ ကြည်နူးစရာလေးဆိုတော့လေ...
နောက်တော့ အဟင်း..Modiပေါ့ စပြီလေ အဲ့မှာ Modiထဲကဇာတ်ကောင်တွေကိုအသေရူးတာ အထူးသဖြင့်Chanbaekဆိုတဲ့ကလေးနှစ်ယောက်ဖြစ်နေတော့ ကိုယ့်OTPမို့ပိုfeelခဲ့တာ

ဘယ်လောက်ရူးလည်းဆိုရင်လေ... kpopဆိုဘာမှမသိတဲ့ သူငယ်ချင်းတစ်ယောက်ကို Modiကိုတစ်နေ့လုံးနီးပါးထိုင်ပြောပြခဲ့တာ ကိုယ်ကအပြောမကောင်းပေမဲ့ ဇာတ်လမ်းကကောင်းလွန်းတော့ အဲသူငယ်ချင်းပါစွဲသွားရော
[ Zoeyရဲ့ဖန်တီးမှုလေးက အဖိုးတန်လွန်းပါတယ်]

နောက်တော့ModiရောUnseenပါစာအုပ်ထုတ်မယ်ဆိုတော့ မနေနိုင်တော့ဘူး မှာတာတောင်ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး ခုနကသူငယ်ချင်းပါ ပါသေးတယ်

အဲသူငယ်ချင်းကလေ Normalစစ်စစ်ကြီးပါနော် Fbလည်းမသုံးပါဘူး Wattpadဆိုဘာမှန်းတောင်မသိတာ Kpopperလည်းမဟုတ်ပါဘူး LGBTကိုလည်းလက်မခံဘူး အဲလိုလူကModiကြောင့်Chanbaekဆိုတဲ့လူသားနှစ်ယောက်ကို ချွင်းချက်ထားပြီးShipပါတယ်တဲ့

အဲလောက်ထိကို ဇိုဝီ့ficတွေက ကောင်းတာပါ

ဒီလိုficလေးတွေကိုစဉ်းစားမိတဲ့ zoeyဦးနှောက်လေးရော ဒီလောက်အရေးအသားကောင်းတဲ့ zoey လက်တွေကိုရော အားကြီးရွှေချပစ်ချင်တာပဲ ဘယ်လိုလုပ်ရပါ့...!

Zoeyရဲ့Mydayမှာတင်တဲ့ပုံတွေကိုလည်း အမြဲကြည့်ဖြစ်ပါတယ်။
Zoeyက လုံးဝအချော...ပုံတင်ရင်လည်းOh Sehunလိုပဲ ဘယ်တော့မှမျက်နှာအပြည့်မတင်ဘူး တပိုင်းတစပေါ်နေတဲ့ သွားစွယ်လေးတွေကို ကြည့်ပြီးတော့ပဲ ကြွေနေရပါတယ်လို့..ဟီး....

Zoeyမျက်နှာအပြည့်ပါတဲ့ပုံဆို ခပ်ရှားရှားရယ်...

ပြီးတော့ကိုယ်ကsilent readerပါနော် voteကလွဲပြီးဘာမှမပေးပါဘူး Fbမှာလည်းZoeyတင်တာဆို reactကလွဲပြီး commentသေးသေးလေးတောင်မရေးဖူးပါဘူး 

ဘယ်လိုပြောမလဲ....အင်း...လေးစားရတဲ့သူမို့ရှိန်တာထင်တယ် Zoeyမချေတတ်ဘူးဆိုတာလည်းသိပါတယ် ဒါပေမဲ့ အားကြီးကြောက်တယ်ရယ်

Zoeyကချေသလိုလိုပေမဲ့ သဘောကောင်းပါတယ် ဟုတ်တယ်မလား!

ပြီးတော့ Zoeyကလေ psychoသွင်းတဲ့နေရာမှာအရမ်းတော်တာပဲနော်
Soulmate psychoဆိုတကယ်ကြီးဝင်သွားတာ အခုထိယုံကြည်နေတုန်း
Zoneဖတ်ရင်းနဲ့လည်း မရှိတဲ့လူကို တွေးတွေးပြီးကြည်နူးနေတာ ရူးတာဆိုတာလေ...

Zoeyကကိုယ့်ထက်အများကြီးကြီးပြီးတော့ လေးစားရတဲ့သူပါနော်
Zoeyကတကယ်ကို စံပြဖြစ်လောက်တဲ့လူသားပါ...

မွေးနေ့တိုင်း မွေးနေ့တိုင်းလည်း ပျော်ရွှင်စရာတွေပြည့်နှက်ပြီး လိုရာဆန္ဒပြည့်ဝပါစေ...
Zoeyမွေးနေ့လောက်ဆို စာမေးပွဲအတွက်အာရုံစိုက်ရမှာမို့ အခုကတည်းက ဆုတောင်းပေးတာပါ....

ပို့တဲ့သူဘယ်သူဆိုတာလည်း မသိချင်ပါနဲ့Zoeyရေ...
Silent readerပဲလုပ်ချင်ပါတယ် အသားကျနေပြီမို့ပါ

လေးစားရသော Zoeyအတွက်♥ ♥ ♥ 

30.10.18(Tue) 12:20

------------------------------------------------------

ကျွန်တော့်ကြောင့် ကလေးနှစ်ယောက်ကို ယုံကြည်တဲ့
သူရှိလာတယ်ဆိုတဲ့စကားက ဘယ်လောက်တောင်
ပျော်စရာကောင်းလိုက်သလဲနော်…။

ကျွန်တော်စဉ်းစားကြည့်တယ်…
ငါ MyDayမှာ ငါ့ပုံအတော်တင်မိသလားလို့
နောက်မှ…aww… ရှေ့နောက်စာနှစ်ခုကို
ကျွန်တော်ဆက်လျက်ဖတ်မိတာဖြစ်သွားတယ် XD
my dayက ပုံကသက်သက်…
ကျွန်တော့်ပုံက သက်သက်…။
ဟုတ်တယ်ဟုတ်…။

ဒါပေါ့…တစ်ဝက်ပဲတင်ရမှာပေါ့…
အပြည့်တင်ရင် ချောတယ်လို့ထင်နေတဲ့အထင်လေး
တွေပျောက်သွားမှာစိုးလို့ XD

ကျွန်တော် လုံးဝ မချေတတ်ပါဘူး။
ချေတယ်လို့ တချို့ကပြောကြပေမယ့် ကျွန်တော့်ကိုယ်
ကျွန်တော်တော့ မချေဘူးထင်တာပဲ။
လိမ္မာပါတယ်ဆို Zoeyက…။

စာမေးပွဲဖြေရတော့မယ့်ငယ်လေးရေ…
ဒီwishစာလေးအတွက် ကျွန်တော်ပျော်သွားရသလို
စာမေးပွဲနဲ့ပတ်သက်ပြီးတော့လည်း အဆုံးသတ်တစ်ခုမှာ ငယ်လေးပျော်ပါနော်…။

အများကြီးငယ်တယ်ဆိုတဲ့ငယ်လေးကို
အများကြီးကို ကျေးဇူးတင်ပါတယ်လို့…။

For Me From My heartsWhere stories live. Discover now