ညီအစ်​ကိုချစ်​သူ ၁၁

Начните с самого начала
                                    

သူက ကျွန်တော် တွေ့မှာစိုးလို့  မျက်လွှာချပီး ပြောနေပေမဲ့ ကျွန်တော် သိနေသည်။ သူ ခံစားသလို ကျွန်တော်လည်း ခံစားရသည်။ ဒါပေမဲ့ ကျွန်တော်တို့ p' nong ထပ် ပိုလို့မဖြစ်ပေ။ မိဘတွေ ခင်မင်မှုနဲ့ သူ့ရဲ့ အရှက်ကို ငဲ့ပီး ဒီအတိုင်းသာ နေသွားရမည်။

ဒါပေမဲ့ သူ စိတ်ချမ်းသာအောင် သူက သဘောတူရင် ဆက်တွဲမယ် သဘောမတူရင် မတွဲတော့ဘူးဆိုတဲ့ အတွေးနဲ့ မေးလိုက်မိသည်။ ဒါကို သူက ကျွန်တော်ကို လှမ်းကြည့်ပီး

''ကျွန်တော် သဘောတူတာ မတူတာနဲ့ ဘာဆိုင်လို့လဲ''

''ငါမေးတာဖြေပါ''

သူက မျက်လွှာလေးပြန်ချပီး

''တူပါတယ်''

''သေချာလား''

''အင်း''

kit//
သူက သဘောတူလား မတူလားမေးတော့ ကျွန်တော် ဖြေချင်တာက မတူဘူးလို့ ပြောချင်ပေမဲ့ သူတို့နှစ်ယောက်ကိုလည်း မနှောင့်ယှက်ချင် တော့ပေ။ ကျွန်တော်ပြောလိုက်လို့ သူက မတွဲတော့ပဲ နေမလားလည်း သိချင်သည်။

ဒါပေမဲ့ ကျွန်တော် မပြောပါ သဘောတူတယ်ပဲ ပြောလိုက်သည်။ ကျွန်တော့်ကြောင့် သူ စိတ်ဆင်း ရဲရမှာလည်း မဖြစ်စေချင် သူတို့နှစ်ဦးကွဲသွား မှာလည်း မဖြစ်စေချင် သူပျော်နေရင် ပီးတာပဲ ဆိုပီး သဘောတူလိုက်ခြင်းဖြစ်သည်။ ဒါကို သူက

''ဒါဆို မင်း သဘောတူလို့ ငါ ဆက်တွဲမှာနော် ပီးမှ ပြဿနာမရှာနဲ့''

''...''

သူက အဲလိုပြောတော့ ကျွန်တော် ဘာမှမပြောပဲ နေလိုက်သည်။ ကျွန်တော် သဘောတူလို့ ဆက်တွဲမှာဆိုတော့ ကျွန်တော် သဘောမတူရင် သူဆက်မတွဲဘူး​​ပေါ့။ အဲတော့မှ ကျွန်တော် ဝမ်းနည်းရမလို ဝမ်းသာရမလို ဖြစ်နေခဲ့သည်။ ကျွန်တော့်ရဲ့ ခွင့်ပြုချက်ကို တောင်းတယ်ဆိုတဲ့ သဘောပေါ့။ ကျွန်တော်လည်း ဘာမှမပြောပဲ ထိုင်နေတော့ သူက

''အခု ကိုယ်လက်ကိုက်တာ သက်သာသွားပီလား''

''အင်း ''

သူက မေးတော့ ကျွန်တော်က ခေါင်းညိတ် လိုက်သည်။ အဲအချိန်မှာ mom mom က ဝင်လာပီး

ညီအစ်​ကို ချစ်​သူ (completed)Место, где живут истории. Откройте их для себя