ညီအစ်​ကိုချစ်​သူ ၆

Start from the beginning
                                    

''အိုး...''

ကျွန်တော်စိတ်မရှည်သလိုအော်လိုက်တာ့ သူက ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ပီး

''မသွားသေးဘူးလား ဒါဆို ကျွန်တော်သွားမယ်''

''အော အော ကိုယ်သွားမယ်''

သူက ပြောပီး ထဖို့လုပ်တော့ ကျွန်တော်လည်း သူ့ပခုံးကို ကိုင်ကာ ဖိထားလိုက်ပီး ပြောလိုက်သည်။ ပီးတော့ ဗန်းလေး ယူပီး ထွက်လာခဲ့သည်။ ကျွန်​​တော်​  အခန်းပြင်ရောက်တော့ လှည့်ကြည့်လိုက်သည်။ သူက လှည့်တောင်မကြည့်ပဲ စာလုပ်နေသည်။ ကျွန်တော်လည်း အောက်သို့ ဆင်းလာခဲ့သည်။

kit//
သူ မှားမှန်းသိလို့ တောင်းပန်နေပေမဲ့ ကျွန်တော်က အလျော့မပေးနိုင်ဘူး ညှဉ်းထားဦးမယ် ကျွန်တော်က သူ့ကို အလေးထားသလောက် သူက အလေးမထားပေ။ သူက ချော့မရတော့ အရင်ကအတိုင်း ကျွန်တော့် ပါးလေးကိုနမ်းပီးချော့လိုက်သည်။ ကျွန်တော်လည်း စိတ်ပြေသွားပါပီ။  ဒါ​ပေမဲ့ သူက ချော့နေပေမဲ့ ကျွန်တော့်ရင်ထဲကနာကျင်နေတာက မပျောက်သေးပေ။

ကျွန်တော် ဆေးယူသောက်လိုက်တော့မှ
သူက ပြုံးသွားသည်။ သူကထွက်မသွားသေးတော့ ကျွန်တော်က သွားမယ်လုပ်လိုက်သည်။ ဒါကို သူကတားပီး  ထွက်သွားတော့သည်။ ကျွန်တော် တစ်ချက်ပြုံးလိုက်မိသည်။

ကျွန်တော့်စိတ်ဆိုးနေတာကိုတော့ လာချော့သားပဲလို့ တွေးလိုက်သည်။ သူ ချစ်သူရသွားလို့ ကျွန်တော့်အပေါ် ပုံစံတွေပြောင်းသွားပီထင်တာ မပြောင်းလဲသေးပါလားလို့ တွေးလိုက်မိသည်။ ခုနက စိတ်ဆိုးသွားလို့ လာမချော့ဘူးလားလို့ ထင်​​နေတာ လာချော့သားပဲ။ ကျွန်တော် ဝမ်းနည်းနေပေမဲ့ ပြုံးနေလိုက်သည်။ ပီးတော့ ကျွန်တော်လည်း စာဆက်လုပ်နေလိုက်သည်။

sing//
ကျွန်တော် အောက်ဆင်းလာတော့ mom mom က အနောက်ထဲက ထွက်လာပီး

''sing လေး မင်း nong အခြေအနေ ဘယ်လိုလဲ''

ကျွန်တော်က နှာခေါင်းလေးရှုံ့ကာ ခေါးခါပြလိုက်ပီး

''သားကို စိတ်ဆိုးမပြေသေးဘူး''

''ဟုတ်လား ဆေးရော သောက်လိုက်ပီလား''

ညီအစ်​ကို ချစ်​သူ (completed)Where stories live. Discover now