"ခင်များ ဘာလာလုပ်တာလည်း?"

ရုတ်တရက်ကျောနောက်မှထွက်လာသောအသံကြောင့်လူကပျော်ရမလိုလို

ထိုကောင်လေးအသံကြားတော့ ပြုံးဖြီးဖြီးဖြစ်သွားသော မျက်နှာကို ခပ်တင်းတင်းပြန်ထားကာ သူ့ဘက်လှည့်လိုက်ပြီး ဆေးသေတ္တာကို သူ့ရှေ့တိုးပေးလိုက်ကာ

"အဟမ်း မင်းဆေးထည့်ဖို့ ဆေးသေတ္တာလာပေးတာ"

ဆေးသေတ္တာကို မယူဘဲ ကျောက်ရုပ်လို ရပ်နေသော Jiminကြောင့် Yoongiနေရခက်ခက်

"Hey ဘာကြောင်ကြည့်နေတာလည်း ယူမှာလား မယူဘူးလား?"

ရုပ်တည်တည်နဲ့မေးကာ အခန်းထဲမှ ထွက်ရန်ပြင်နေသော Yoongi လက်ထဲမှ ဆေးသေတ္တာကို Jimin မြန်မြန်ယူလိုက်ပြီး

"ယူမယ် ယူမယ် ရပြီးမလား ခင်များပေးပြီးရင် သွားလို့ရပြီး"

"မင်းကို ငါဘယ်နှစ်ခါပြောရမလည်း ငါ့ကိုHyungလို့ခေါ် ခင်များလို့မခေါ်နဲ့လို့ ဟမ်!"

" လူယုတ်မာ ဟင့်"

"ဘာရယ်"

Yoongiအပြောကိုပင်မစောင့်ဘဲ ရေချိုးခန်းထဲ ဝင်သွားသော Jiminကြောင့် Yoongiလည်းကြောင်တောင်တောင်ဖြစ်သွားရသည်.

~~~~~~~~~~~~~~~~~~~~

မနက်ကတည်းက သူများလာချော့မလားဆိုတဲ့ ကြောင်တောင်တောင်အတွေးနဲ့ တမင် အခန်းထဲမှာနေနေတာ

တအောင့်နေတော့ အခန်းထဲ ဝင်လာတဲ့အဖိုးရီး လူကို စောင်ပါခြုံပေးသွားသေးတယ်

တအောင့်နေတဲ့ အခန်းထဲပြန်ဝင်လာတဲ့သူ
လက်ထဲမှာဆေးသေတ္တာနဲ့ အစကတော့ ဆေးသေတ္တာကြီးနဲ့ ဘာများလုပ်မလည်းလို့

အော်နောက်တော့မှ ကျွန်တော်ဆေးထည့်ဖို့တဲ့

ဆေးသေတ္တာယူပြီး သူ့ကို"ခင်များ"လို့ခေါ်မိတာ လူကိုလာဟောက်တယ် အဲ့အဖိုးရီးကလေ ဘယ်တော့မှ နူးနူးညံညံမရှိဘူး ဆူဖို့အော်ဖို့ဘဲသိတယ် Jiminလေးတို့ ဝမ်းနည်းလိုက်တာ

Park Jiminတို့က မလိမ္မာပေမယ့် ဂရုစိုက်ရင် အရမ်းသဘောကျပါတယ်နော် အဲ့တာဟိုအဖိုးရီးက မသိဘူး

Daddy Min[M.Y.G×P.J.M]✔Место, где живут истории. Откройте их для себя