"အဟင့်​ ​သေ ​သေချာဂရုစိုက်​​ပေးပါ
သူအရမ်းနာကျင်​​နေရတယ်​"

"စိတ်​ချပါ ​ကျေးဇူးတင်​ပါတယ်​ ဆယ်​ဟွန်းရှီ
တကယ်​ကိုအထူး​ကျေးဇူးတင်​ပါတယ်​"

"................."

"ဆယ်​ဟွန်းရှီက ကျွန်​မနဲ့က​လေး​လေးရဲ့ အသက်​သခင်​​ကျေးဇူးရှင်​ပါ အဲ့ဒါ​ပြောချင်​လို့ဖုန်းဆက်​လိုက်​တာပါ"

".............."

"ပြီး​တော့ မင်္ဂလာပွဲတွက်​ဂုဏ်​ပြုပါတယ်​"

"မနက်​ကျရင်​ ​သေချာ​ပေါက်​ ချန်းကိုပါ
ခေါ်ခဲ့​ပေးပါ​နော်​ မီ​ယောင်းရှီ"

ချန်း​ယောလ်​မျက်​နှာကို ​နောက်​ဆုံးအကြိမ်​​လေး​တွေ့ခွင့်​ရချင်​လို့ပါ....

"​ဒါ​ပေါ့ ​ခေါ်ခဲ့ပါမယ်​ မနက်​ဖြန်
တွေ့ကြမယ်​​နော်​"

"အင်း"

"အားလုံးကို​မေ့ပြီး ​ပျော်​​ပျော်​ရွှင်​ရွှင်
နေသွားပါ​တော့"

မီ​ယောင်း​ပြောပြီး​တော့ တဖက်​ကဆယ်​ဟွန်းရှိုက်​သံ​တွေတ​ဖြေး​ဖြေးကျယ်​လာသည်​..

ပြီး​တော့ဖုန်းချသွားတယ်​...

"​တောင်းပန်​ပါတယ်​ ကျွန်​မကို
ခွင့်​လွှတ်​​ပေးပါ အတ္တကြီးပါရ​စေ​ ဟင့်​"

မီ​ယောင်းအားရ​အောင်​ ငိုပြီးမှ
မောင်​အိပ်​​နေတဲ့အခန်းထဲဝင်​လာသည်​..

အိပ်​​ပျော်​​နေတဲ့​မောင်​ တကယ့်​က​လေး​လေးပဲ
မ​နေ့ညက ရင်​ဘတ်​ထုထုပြီး ငို​နေတဲ့​မောင့်​ပုံစံကိုကိုမြင်​​တော့ မီ​ယောင်းအရမ်းသနားတယ်​..

မောင်​က​ပြောတယ်​ သူ့ဘဝမှာ အိုဆယ်​ဟွန်းကို အချစ်​ဆုံးတဲ့

မောင့်​မျက်​ရည်​​တွေသုတ်​​ပေးပြီး ​မောင့်​ကိုရင်​ခွင်​ထဲတစ်​ညလုံးထည့်​ကာ နှစ်​သိမ့်​​ပေးခဲ့သည်

အိပ်​​နေတုန်း ဟွန်း~ဆိုတဲ့ နာမည်​​ကို
ယောင်​တိုင်း မီ​ယောင်းရင်​ထဲနင့်​​နေ​အောင်​ခံစားရသည်​....

"စိတ်​ချပါ ​ရှေ့​လျှောက်​ ​မောင့်​ကို
အတတ်​နိုင်​ဆုံး​ပျော်​ရွှင်​​အောင်​လုပ်​​ပေးပါမယ်​"

စည်း ~ [Completed]Where stories live. Discover now