part-19

2.2K 270 64
                                    

"အဲ့တုန်းက အတွဲ​ချောင်းကြတာ​လေကွာ!
ဟား ဟား ဟား ဟား"

"ဟုတ်​တယ်​​နော်​ ဟား"

အ​ကြောင်းမသိတဲ့ဂျူံဒယ်​က​တော့
တဟားဟား​အော်​ရီကာအရင်​ကအ​ကြောင်း​တွေ​ပြော​နေ​လေသည်​...

ချန်း​ယောလ်​ကလည်း ရီ​နေတယ်
မရီနိုင်​သူကဆယ်​ဟွန်းပင်​ ဒါမဲ့ဟန်​​ဆောင်
ပြုံး​တော့ပြုံးရ​သေးတာ​ပေါ့...

"ဆယ်​ဟွန်း!! မင်း​နေမ​ကောင်းဘူးလား?!"

"​ကောင်း ​ကောင်းပါတယ်​"

"မင်းကြည့်​ရတာ သိပ်​မလန်းသလိုပဲ"

"ထင်​လို့ပါ ဂျူံဒယ်​ရ!!"

ဆယ်​ဟွန်းရီ​ပြီး​ပြော​နေ​ပေမဲ့
ရင်​ထဲမှာမွန်းကြပ်​​နေ၏....

ဘယ်​လိုပဲ ချန်း​ယောလ်​ကသူငယ်​ချင်းလို
ဆယ်​ဟွန်းကို​ပြောဆို​နေပါ​စေ​လေ...

အဲ့​ကြောင့်​ စကားဝိုင်းထဲသိပ်​မပါပဲ
ဝိုင်​​တွေသာဖိ​သောက်​​နေလိုက်​၏...

တိတ်​ဆိတ်​​နေတဲ့ဆိုင်​အတွင်းထဲ
ဂျူံဒယ်​အသံကအကျယ်​ကြီးပဲ...

မိုး​အေး​အေးနဲ့စကား​ကောင်း​နေကြတုန်း
ဂျူံဒယ်​ဖုန်းသံကမြည်​လာသည်​..

📱"​အေး ​ဆော့​လေး ​ပြော!"

"................"

"ဘာ! သမီးကအန်​​နေတယ်​ ဟုတ်​လား??"

"​........"

"​အေး ​အေး ငါအခုချက်​ချင်းလာခဲ့မယ်​"📱

"ဘာဖြစ်​တာလဲ ဂျူံဒယ်​!"

"သမီး​လေ အန်​​နေလို့တဲ့ ငါအခုသွားမှ
ဖြစ်​မယ်​ ​ဆေးခန်းပို့ရ​အောင်​"

ဆယ်​ဟွန်းအ​မေးကို အ​နွေးထည်​လျင်​မြန်​စွာထပ်​ဝတ်​ရင်း​ပြောပြ​နေသည်

"ဟုတ်​လား? ​ဖြေး​ဖြေး​မောင်းသွား​နော်​"

"​အေးပါ ချန်း​ယောလ်​! ဆယ်​ဟွန်းကို
မင်းပဲလိုက်​ပို့​ပေး​တော့!"

"မပူပါနဲ့ မင်းသာ​ဖြေး​ဖြေး​မောင်းသွား!"

"​ငါသွားပြီ သူငယ်​ချင်းတို့! ​နောက်​မှ
ထပ်​​တွေ့ကြမယ်​!!!ပိုက်​ဆံရှင်းခဲ့ပြီ​နော်​!"

စည်း ~ [Completed]Where stories live. Discover now