part-21

2.4K 218 32
                                    

"ဟာ!! ဂျင်​ဟီးတို့ပါလား??"

ဆယ်​ဟွန်း ဂျင်​ဟီးနဲ့ည​နေစာစား​နေတုန်း
အမှတ်​မထင်​​တွေ့သလိုပုံစံနဲ့ ချန်း​ယောလ်​​ရောက်​လာခဲ့သည်​...

သိပ်​သရုပ်​​ဆောင်​​ကောင်းတာ...

"ချန်း​ယောလ်​ရှီ! တစ်​​ယောက်​ထဲလား?"

"ဟုတ်​တယ်​ မီ​ယောင်းမပါဘူး အလုပ်​ကိစ္စရှိလို့ထွက်​လာရင်းအပြန်​ဗိုက်​ဆာလို့ဝင်​လာတာဒီဝိုင်းမှာထိုင်​လို့ရတယ်​မလား?"

"ရတာ​ပေါ့ ထိုင်​ပါ"

ဂျင်​ဟီးနဲ့ဆယ်​ဟွန်းကတွဲထိုင်​​နေတာမို့
ချန်း​ယောလ်​ကဆယ်​ဟွန်း​ရှေ့ဝင်​ထိုင်​လိုက်​သည်​.....

"ဆယ်​ဟွန်းရှီမ​တွေ့တာကြာပြီ​နော်​"

"ဟုတ်​ကဲ့"

အခုလိုသရုပ်​​ဆောင်​ရတာ ရီစရာ​တော့​ကောင်းသားပဲ ဟ ဟ

ဂျင်​ဟီးက​တော့ ဘာမှမရိပ်​မိပဲ
ည​နေစာသာဂရုစိုက်​စား​နေ၏...

ချန်း​ယောလ်​က​ခေါင်းငုံပြီး စား​နေတဲ့
ဟွန်းရဲ့​ခြေ​ထောက်​​လေးကို စားပွဲခုံ​အောက်​က​နေ မထိတထိပွတ်​တိုက်​လိုက်​သည်​...

မျက်​လုံးပြူး​လေးနဲ့​မော့ကြည့်​လာတဲ့ဟွန်းကို
ချန်း​ယောလ်​မျက်​လုံးတစ်​ဖက်​မှိတ်​ပြလိုက်​သည်​.

ဆယ်​ဟွန်းကနှုတ်​ခမ်း​လေးကိုက်​ပြရင်း
ပြုံး​နေတာ..တကယ်​ချစ်​စရာ​လေး..

ပြီး​တော့ဂျင်​ဟီးမမြင်​​တဲ့အခ်ျိန်​ဆို
အသားလှီးပြီးသား​တွေဆယ်​ဟွန်းပန်းကန်​ထဲထည့်​​ပေးတယ်​....

စား​သောက်​ပြီး အချိုပွဲတည်း​နေရင်း

"ဒီဝိုင်းကျ​တော်​ရှင်းမယ်​​နော်​~"

"အို မလုပ်​ပါနဲ့ ချန်း​ယောလ်​ရှီ
ကျမရှင်းပါရ​စေ"

"မဟုတ်​တာ ဒီလိုသုံး​ယောက်​ဆုံတာရှား​တော့
ကျ​တော်​ရှင်းပါရ​စေ"

"အဲ့ဆိုရင်​ ​ကျေးဇူးပဲ​နော်​"

"ရပါတယ်​ ​အော်​ ခဏ​နော်​ ဖုန်း​လေးဆက်​စရာရှိလို့"

စည်း ~ [Completed]Where stories live. Discover now