part-22

2.2K 254 40
                                    

ရှိုးပွဲကိစ္စနှင့်​အလုပ်​ရှုပ်​​သောသူမတို့​ကိုအ​ကြောင်းပြု ပြီး ဆယ်​ဟွန်းတို့နှစ်​​ယောက်​ လွတ်​လွတ်​လပ်​လပ်​​ပျော်​လို့ရ​နေ၏....

အခုလည်း နယ်​ပြန်​​တော့မည့်​ ဂျူံဒယ်​ထံ
အလည်​သွား​နေခြင်းပင်​...

လမ်းတွင်​ ဂျူံဒယ်​သမီး​လေးဖို့
အရုပ်​​လေးဝင်​ဝယ်​ဖြစ်​တယ်​..

"ချန်း ဂျူံဒယ်​သမီး​လေးက
ဒီယုန်​အ​မွှေးပွရုပ်​​လေးကိုကြိုက်​မှာပါ​နော်​"

"ကြိုက်​မှာပါ ချစ်​စရာ​လေးပဲ
ဘာ​တွေ​တွေးပူ​နေတာတုန်း က​လေးကျ​နေတာပဲ..."

"အမယ်​! ဘာက​လေးလဲ!! ငါက​လေးမဟုတ်​တာ သူများ​တွေထက်​မင်းကပိုသိမှာ​ပေါ့!"

"ဟ ဟ ဟုတ်​ပါတယ်​ သိပ်​ကိုသိပါတယ်​"

နှစ်​​ယောက်​သားစကား​ပြောရင်း ဂျူံဒယ်​တို့အိမ်​​ရောက်​လာကြသည်​...

"ဟာ သူငယ်​ချင်းတို့ လာ!!"

အိမ်​​ရှေ့ထွက်​​စောင့်​​နေတာ​ကြောင့်
ခက်​ခက်​ခဲခဲသိပ်​မရှာလိုက်​ရ...

"ထိုင်​ကြအုံး မိတ်​ဆက်​​ပေးရအုံးမယ်
ဒါငါ့ရဲ့ဇနီး​ချော​လေးကင်​မင်​​ဆော့တဲ့"

မင်​​ဆော့ရှက်​ပြုံး​လေးဖြင့်​..

"ကင်​မင်​​ဆော့ပါ"

"ဟုတ်​ကဲ့ ကျ​တော်​က အိုဆယ်​ဟွန်းပါ"

"ကျ​တော်​က ပတ်​ချန်း​ယောလ်​ပါ
ဂျူံဒယ်​​ကျောင်းတုန်းကသူငယ်​ချင်း​တွေ​ပေါ့"

"​ကိုက အမြဲ​ပြောတက်​လို့ နာမည်​​တွေကို
ရင်းနှီး​နေတာကြာပါပြီ"

"ဗရုတ်​ကျတာ​တွေမှ​ပြောတာ ဟုတ်​ရဲ့လား
ဟ ဟ ဟ"

လေး​ယောက်​သားရီမိကြသည်​...

"မိန်းမ စားစရာ​တွေသွားယူမယ်​​လေ"

"​ပေး ကျ​တော်​ကိုက​လေး​ပေးခဲ့"

တစ်​နှစ်​ခွဲ​လောက်​ရှိတဲ့ဂျူံဒယ်​သမီး​လေးက
သူ့အ​မေနဲ့တူလို့ပါး​က​ဖောင်း​ဖောင်း​လေး
အရမ်းချစ်​ဖို့​ကောင်းပါသည်​...

စည်း ~ [Completed]Where stories live. Discover now